Monday 28 September 2009

FACEBOOK နဲ့ ကျွန်မ

ဟိုတလောထဲက gmail ထဲကို သူငယ်ချင်းတွေ လှမ်းပို့နေတဲ့ facebook ဆိုတာကို သိနေခဲ့တာကြာပါပြီ။ ဒီလိုပဲ ၀က်ဆိုဒ်တွေကနေ လာဖိတ်နေကျဆိုတော့ ဖွင့်မကြည့်ပဲ ထားထားတာ တော်တော်များပါတယ်။ တနေ့ကတော့ သူငယ်ချင်းတယောက်က နှင်း ရေ facebook မှာရှိလားတဲ့ မေးလာပါတယ်။ အင် သူပြောတဲ့ဟာက ဘာများလဲပေါ့။ အွန်လိုင်းသုံးနေပြီး ကိုယ်မသိပါလား။ တော်တော်နောက်ကျနေပြီဆိုပြီး တွေးမိပါတယ်။ ဒါကလည်း တွေးမိရုံပါပဲ။ ဘယ်မှာလုပ်ရမလဲဆိုတာ ဆက်မစဉ်းစားပါဘူး။ အလုပ်ထဲရောက်တော့လဲ အတူတူလုပ်တဲ့ တရုတ်မလေးက အွန်လိုင်းမှာ အခုခေတ်စားနေတဲ့ ကစားနည်းမဆော့ဘူးလားလို့ မေးလာပြန်တယ်။ ဘာကစားနည်းမိုလို့လဲ အဲလောက်တောင်လူကြိုက်များလားပေါ့။ ကိုယ်တုံးတာလူသိပါတယ်။ ဗဟုသုတနည်းမှန်း သိသာပါတယ်။ ကိုယ့်ဟာကိုယ်တောင်ရှက်သွားတယ်။ အဲဒီမှာအပင်စိုက်တာတို့ အကောင်မွေးတာတို့ ပါတယ်။ ကစားကြည့်ပါလားတဲ့။ ထိုင်ဝမ်က သတင်းမှာတောင် ဒီအကြောင်းကို ပြောသွားသေးတယ်တဲ့။ နဲနဲတော့ စိတ်ဝင်စားသွားပါတယ်။ ဘာလို့များလူကြိုက်များနေတာလဲလို့ စဉ်းစားသွားတယ်။ ဂိမ်းဆိုရင် စိတ်မ၀င်စားလို့ ဘာကိုမှ ၀င်မဆော့ပါဘူး။ နောက်နေ့ကျတော့ ဘလော့တွေ
ဝင်ဖတ်ဖြစ်တယ်။ အဲဒီမှာလဲ ဘလော့ဂါတယောက်က သူကတော့ အားရင်facebook မှာကစားတယ်လို့ ရေးထားတာလေး တွေ့လိုက်မိတယ်။ အင်း ဒါဆိုရင်တော့ နှင်းက တော်တော်ကို နောက်ကျနေပြီ။ ဘာလဲဆိုတာသိအောင်လုပ်မယ်ဆိုပြီး facebook ထဲကိုဝင်ပြီး အကောင့်ဖောက်လို့ ၀င်ကစားလိုက်ပါတယ်။ စကစားတော့ ရောင်လည်လည်နဲ့ help ကို ခဏခဏပြေးဖတ်လိုက် ပြန်ဆော့လိုက်နဲ့ ချာချာကိုလည်နေတာပဲ။ အခုတော့ တော်တော်လေးကစားတတ်နေပြီပေါ့။ အပြင်မှာ အပင်စိုက်လို့မရတော့လဲ အွန်လိုင်းပေါ်မှာ အပင်စိုက်လိုက်ပါတယ်။ ဂိမ်းဆိုတာကို မကြိုက်တဲ့ နှင်းတယောက် အခုတော့ ညတိုင်း ဂိမ်းဆော့တတ်နေပြီ။ ကိုကိုကတောင် နောက်နေပါတယ်။ အခု ၂ ရက်မှာ ငယ်လေးဘာလုပ်နေလဲမေးရင် အပင်စိုက်နေတယ်ကြည့်ပြောလို့ အပင်ကအသီးတွေရောင်းလို့ ပိုက်ဆံရရင် သူ့ကိုချေးပါဦးတဲ့။ ဘလော့ပြီးတော့ facebook ဘက်ရောက်သွားပြန်ပြီ။ အဲဒီ ၂ ခုနဲ့တင် တညတာ အားလပ်ချိန်က ဘယ်လိုကုန်သွားမှန်းကို မသိတော့ပါဘူး။ အော် ထွင်တဲ့လူကလဲ ထွင်တတ်သလို နှင်းတို့တွေကလဲ ရူးတတ်ပါပေတယ်။

3 comments:

Unknown said...

ရင်ဘတ်ကြီးလည်းအဲလိုပဲဗျ....
facebookကိုဟိုတလောကမှ
သုံးဖြစ်တယ်..နောက်တော့လည်း
ခြေဦးလှည့်မအားဖူးဗျာ
း)

Lyn Lyn said...

ဒါကြောင့် မနေ့ညက နှင်းကို facebook မှာတွေ့ရတာကိုး။ ကိုလင်းတော့ အဲဒီ့အပင်တွေ အချိန်မရှိတာနဲ့ မစိုက်နိုင်တော့ဘူး။ :P

ShwunMi- said...

ဟုတ်တယ်နော်.. သူတို့က လူကို တော်တော်လွှမ်းမိုးနိုင်တာပဲ..

နောက်လဲလာလည်နော်

Glitter Graphics