Wednesday 7 October 2009

ဆောင်းအမှီ

ထိုင်ဝမ်မှာ နွေရာသီကနေ ဆောင်းရာသီကို ကူးပြောင်းရောက်လာတော့မယ်။ တရုတ်လမုန့်ပွဲတော်ပြီးရင် စအေးလာမယ်ဆိုတာက ထိုင်ဝမ်ရဲ့ ဆောင်းရာသီအစလို့ ပြောလေ့ရှိကြပါတယ်။ လမုန့်ပွဲတော်ရောက်ခါနီးမှာ အပူချိန်ကလဲ တော်တော်လေး ကျလာတာကိုတွေ့ရပါတယ်။ မုန်တိုင်းဝင်နိုင်တယ်ဆိုပြီး သတိပေးချက် ရှိနေတာကြောင့်လဲ မုန်တိုင်းအရှိန်နဲ့ လမုန့်ပွဲတော်မှာ မိုးရွာမှာကို စိုးရိမ်နေကြပါတယ်။ တော်ပါသေးတယ်။ မိုးကမရွာပဲနဲ့ ညနေပိုင်းလောက်မှာ အေးရုံပဲအေးလာလို့ပါ။ ဒါပေမယ့် ဒီနေ့မှာတော့ မုန်တိုင်းကမလာပေမယ့် မနက်ခင်းထဲက မိုးရွာလိုက်တာ အခုထိကို မတိတ်သေးပါဘူး။ အပူချိန်ကလည်း နွေရာသီကလောက် မပူတော့သလို မိုးကလည်းရွာနေပြီး လေလေးကပါတိုက်လာတော့ တော်တော်လေးအေးပါတယ်။ ထိုင်ဝမ်ရဲ့ ဆောင်းတွင်းမှာ မိုးရွာမှာကို မနှစ်သက်ပါဘူး။ ဆောင်းတွင်းမိုလို့ အေးပါတယ်ဆိုမှ မိုးကရွာပြီး လေကပါထပ်တိုက်လို့ပါ။ မိုးမရွာပဲ လေတိုက်ရုံဆိုရင် ခံနိုင်ပါတယ်။ ခြောက်ခြောက်သွေ့သွေ့လေးနဲ့ အေးအေးလေးမို့ အတော်ကိုသဘောကျပါတယ်။ အဲ မိုးရွာတယ်ဆိုရင်တော့ အလုပ်သွားအလုပ်ပြန် တော်တော်ဒုက္ခရောက်ပါတယ်။

ထိုင်ဝမ်ရဲ့ဆောင်းတွင်းက ဂျပန်တို့ ကိုးရီးယားတို့လောက် ရေခဲမှတ်လောက်အထိ မအေးပါဘူး။ ဒါပေမယ့် တချို့တောင်ပေါ်တွေမှာတော့ နှင်းကျပါတယ်။ နှင်းတို့နေတဲ့ နေရာတွေမှာတော့ တခါတလေ ၄ ဒီဂရီ ၅ ဒီဂရီလောက်အထိတော့ ကျတတ်ပါတယ်။ အအေးလှိုင်းဖြတ်တဲ့အချိန်တွေမှာ အဖြစ်များပါတယ်။ နွေရော ဆောင်းရော မိုးကရွာတတ်ပါတယ်။ ဆောင်းရောက်တော့မယ်ဆိုရင် နွေရာသီအ၀တ်တွေကို ဈေးချပြီးရောင်းလေ့ရှိပါတယ်။ ဆောင်းဝင်တော့မယ်ဆိုတာနဲ့ မနှစ်ကသိမ်းထားတဲ့ ဆောင်းတွင်းဝတ်တဲ့ အ၀တ်တွေကို ပြန်ထုတ်ရတော့မယ်။ အနွေးထည်တွေ အသားကပ်အင်္ကျီတွေ ဆောင်းတွင်းမှာခြုံတဲ့ စောင်ကအစပေါ့။ နှင်းကတော့ ရာသီတွေထဲမှာ ဆောင်းရာသီကိုအကြိုက်ဆုံးမို့ ဆောင်းဝင်တော့မယ်ဆိုရင် ပျော်ပါတယ်။ ဆောင်းတွင်းအ၀တ်တွေ ၀တ်ရတာကိုလည်း နှစ်သက်သလို အေးအေးလေးနဲ့ ကွေးနေရတာကိုလည်း ကြိုက်တယ်။ အရမ်းအေးတဲ့နေ့တွေဆိုရင် စကားပြောလိုက်တိုင်း ပါးစပ်က အငွေ့လေးတွေထွက်တာကို သဘောကျပါတယ်။ ကလေးဆန်တယ်ပဲပြောပြော မာမားနဲ့အပြင်သွားလို့ စကားပြောရင်း အငွေ့ထွက်တာကိုမြင်ရင် သဘောကျပြီး မာမားရေ အရမ်းအေးလို့ အငွေ့တောင်ထွက်တယ်ဆိုပြီး ပြောတတ်ပါတယ်။

ဆောင်းဝင်တော့မယ်ဆိုတော့ ခင်ညွှန့်ရီဆိုထားတဲ့ ဆောင်းအမှီသီချင်းလေးကို သွားသတိရမိတယ်။ ဆောင်းအမှီရောက်အောင်သာပြန်ခဲ့ ခင့်ဆီ ဆိုတဲ့စာသားလေးက ဆောင်းတွင်းရဲ့ အေးချမ်းမှုရယ် ဆောင်းတွင်းအမှီ ချစ်တဲ့သူကို မိမိဆီပြန်လာစေချင်တဲ့သဘောလေးရယ်ကို တွေ့ရပါတယ်။ အင်း အဲလိုသာ ခေါ်လို့ရရင်တော့လဲ ကောင်းသား။ ဆောင်းတွင်းအေးတဲ့ဒဏ်ကို ချစ်သူရင်ခွင်ထဲမှာ ခိုလှုံလို့ ရတာပေါ့။

4 comments:

မောင်သီဟ said...

“အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ
မယ်တရွာ မောင်တမြို့တော့နေလို့လဲမဖြစ်
နိုင်ပါပြီ နှစ်ကိုယ်ထွေးရန်အရေးကြုံပြီ မေရေ
ဆောင်းအမှီမောင့်ဆီပြန်ခဲ့စေချင်သည်” ဒန်တန်တန်
သီချင်းလေးညည်းပြခဲ့တယ်ဗျို့
း)

Burmese ပိတောက်မြေ said...

ပျံပျံငယ်သင်း လေညှင်းသုန်သုန် ၀တ်မှူန် ညီခိုင်ညှာဝင်း
မြိုင်ယံအတွင်း ကြိုင်စွာသင်း မွှေး မွှေးရနံ့ ထုံစွာရဂု့ ၀လာဆီက မို့မို့မိုင်း ရူ့လေတိုင် ဖြေမဆည်နိုင်သာ
ဆွေးသူမှာ လွမ်းအားပိုလို့အသဘြ၀င်မချိစရာ
ဝသာန်လွန်မြောက်လို့ ဆောင်းဦးလည်ေ၇ာက်ပြန်လေပြီးတခါ မိုးထက်တိမ်းပန်း ခက်ညွန့်ဝေေ၀ဖြာ လေသာပြုတင်းပေါက်ကမျော်ရင်စောင့်နေမှာတနယ်ဆီခြား
ချစ်ကျွမ်းသူများ လွမ်းတာဆွေးတာပယ်ကာထားလီု့မျော်ရင်စောင့်နေမှာ
ချစ်သူ၇ှိမဲ့နေရာမျော်ရည်မှန်လို့မောင်ကြီး
အရောက်လာမှာ
(ဒီလောက်ဘဲ လွမ်းပြတော့မယ်နော်)ပိတောက်မြေ

Unknown said...

ဟွန်း...

မိုးအေးအေးလေးနဲ့ ကွေးနေတယ်ပေါ့လေ...

အိပ်မက်တောင်မက်လိုက်သေးတယ်...

ချစ်သူ့ရင်ခွင်....


ပျော်ရွှင်ပါစေ
နှင်း...

ShwunMi- said...

“ဆောင်းအမီ.. အနွေးထည်တွေ သယ်ခဲ့ ခင့်ဆီ”
=)ပေါ့ပေါ့ပါးပါးဖြစ်မလားလို့ နောက်ကြည့်တာ မနှင်းလေးရေ..
ရွှန်းမီလည်း မြန်မာပြည်က ဆောင်းတွင်းကို သတိရနေတာ.. ဒီမှာက ဆောင်းမရှိဘူးလေ..

နောက်လဲလာလည်နော်

Glitter Graphics