Sunday 11 October 2009

listening song

ဂီတဆိုတာက လူရဲ့စိတ်ကို ပြောင်းလဲစေတယ်ဆိုတာ နှင်းကတော့ လက်ခံမိတယ်။ တခါတလေ စိတ်ညစ်နေတဲ့အခါ သီချင်းဖွင့်ပြီး လိုက်အော်လိုက်ရင် ရင်ထဲမှာ နည်းနည်းတော့ သက်သာသွားတယ်လို့ ထင်မိတယ်။ အမေ့ရုပ်ရည်လို သီချင်းမျိုးကိုများ နားထောင်မိတဲ့နေ့ဆိုရင်တော့ တကယ်ကို လိုက်ငိုမိတယ်။ အဲဒီသီချင်းကို ဘယ်အချိန်ပဲနားထောင် ခံစားချက်ကတော့ အတူတူပဲ။ ရင်ထဲမှာ နင့်နေအောင်ခံစားမိသလို အသက်အရွယ်ကြီးလာတဲ့ မာမားကိုကြည့်ပြီး မျက်ရည်ကျမိပါတယ်။

သီချင်းတွေကို မရူးသွပ်ပါဘူး။ သီချင်းတိုင်းကိုလည်း သိပ်နားမထောင်ဖြစ်ဘူး။ ဒါပေမယ့် ငယ်ငယ်ထဲက မာမားကအိမ်မှာ စိုင်းထီးဆိုင်တို့ စိုင်းဆိုင်မောဝ် တို့ရဲ့ သီချင်းတွေကို နားထောင်တဲ့အတွက် သူတို့သီချင်းတွေနဲ့ ကြီးပျင်းခဲ့ရတယ်လို့ ပြောလို့်ရပါတယ်။ ဘယ်အဆိုတော်ကိုကြိုက်လဲမေးရင် ဘယ်သူ့ကိုမှ မကြိုက်ပါဘူး။ ဒါပေမယ့် စိုင်းထီးဆိုင် ကိုတော့ တော်တော်လေးကြိုက်သလို သီချင်းတွေကလဲ ဘယ်တော့မှ မရိုးပါဘူး။ စာသားတွေကလဲ တကယ်ကိုကောင်းပါတယ်။ အခုတလောလဲ စိုင်းထီးဆိုင်သီချင်းတွေကို နားထောင်ဖြစ်ပါတယ်။

mouse love rice ဆိုတဲ့ သီချင်းလေးကိုတော့ တရုတ်လို နားထောင်ဖြစ်တယ်။ တရုတ်သီချင်းဆို လုံးဝကို နားမထောင်ဖြစ်ဘူးလို့ပြောလို့ရပါတယ်။ ဒါပေမယ့် ဒီသီချင်းလေးကိုတော့ တော်တော်လည်းကြိုက်သလို တခါတလေလည်း ပါးစပ်ထဲမှာ ဆိုညည်းဖြစ်ပါတယ်။



2 comments:

လင်းငယ် said...

အဲ့ဒီ သီချင်းလေးက ထွက်တာကြာပြီနော်.. လင်းငယ်ကို သူငယ်ချင်းတစ်ယောက်က အင်္ဂလိပ် ဗားရှင်းလေးနဲ့ ဆိုထားတာကို ပေးလို့ နားထောင်မိတယ်.. အရမ်းကောင်းတယ်.. အဓိပ္ပါယ်လည်း ရှိတယ်.. ဒါနဲ့ တရုတ်ဗားရှင်းကို ရှာပြီး နားထောင်မိတော့ နားတော့ မလည်ဘူး ဒါပေမယ့် ဆိုတဲ့ အသံလေးတွေကတော့ ကောင်းတယ်.. သံစဉ်လည်း ကောင်း အကုန်ကောင်းပဲ...

ShwunMi- said...

I like it, too :)

နောက်လဲလာလည်နော်

Glitter Graphics