Saturday 10 October 2009

ပြန်လိုချင်တယ်

ကလေးဘ၀ ဖြုစင်လှ
အလိမ်အညာတွေ သူတို့မသိကြ
အဖြူရောင် သူတို့ဘဝ

အသက်ကလေးရတော့ လိမ်တတ်ကြ
ဖြူစင်မှုဆိုတာမရှိကြ
အရောင်တွေဆိုးတဲ့ သူတို့ဘဝ

တစ်ခါတစ်လေများ ပြန်တမ်းတ
ငယ်ငယ်တုန်းက ကလေးဘဝ
လိုချင်သော်လည်း ပြန်မရ

စိုင်းထီးဆိုင်သီချင်းထဲကလိုပဲ အပူအပင်ကင်းတဲ့ ကလေးလေးဘ၀ကို တခါပြန်ပြီး ရချင်သေးတယ်။ အခုတော့ ကလေးဘ၀ကို ပြန်တမ်းတတတ်နေပါပြီ။ ကလေးလေးဘ၀ဆိုတာ တကယ်ကိုဖြူစင်သလို အပူအပင်ဆိုတာလဲမရှိပဲ ဘယ်သူ့ကိုမှလဲ မနာလိုတာ မကောင်းမြင်တာ မရှိပါဘူး။ အသက်တွေကြီးလာလေ လိမ်တတ် ညာတတ် မကောင်းမြင်တတ်လာပါတယ်။ ကိုယ့်အတွက်ပဲကြည့်တတ်လာပါတယ်။ ကလေးတွေမှာ ဟန်ဆောင်တာတွေ တမင်လုပ်ပြောတာတွေမရှိပဲ ကိုယ့်စိတ်ထဲမှာရှိတဲ့အတိုင်းပဲ ပြောလိုက်လုပ်လိုက်ပါတယ်။ တကယ်တော့ ကလေးလေးတယောက်လောက်တောင်မှ နှင်းတို့တွေက စိတ်ထဲရှိတာကို မလုပ်နိုင်မပြောနိုင်ပဲ ဟန်ဆောင်လိမ်ညာနေတဲ့ အရောင်ဆိုးထားတဲ့ လူတွေဖြစ်နေပါတယ်။ အသက်ကြီးလာလေ ဖြူစင်မှုဆိုတာတွေနဲ့ ဝေးမှန်းမသိပဲ ဝေးလာပါတယ်။ ဒါကြောင့်လဲ အပြစ်ကင်းပြီး ဖြူစင်တဲ့ ကလေးလေးတွေရဲ့ အပြုံးအရယ်လေးတွေကို မြင်လိုက်ရင်ပဲ ရင်ထဲမှာအေးချမ်းသွားပါတယ်။ ၂ ခါပြန်မရတော့တဲ့ ကလေးဘ၀ကို ပြန်လိုချင်မိတယ်။ ကလေးဘ၀တုန်းက လူကြီးဖြစ်ချင်နေခဲ့မိတယ်။ အခုလို လူကြီးဖြစ်လာတော့မှ ကလေးဘ၀က ပိုကောင်းသလို အပြစ်ပိုကင်းတယ်ဆိုတာကို သိလာပါတယ်။

3 comments:

Unknown said...

နှင်းရေ...

ဒီပို့စ်လေးဖတ်ပြီး စိတ်ထဲ မကောင်းလိုက်တာ...

ဟာဟာတာတာကြီးကို ငိုချင်သလိုပါဖြစ်မိပါတယ်...

ကျနော် ဝေးနေခဲ့တာ အခုဆိုငါးနှစ်ကျော်သွားပြီးလေ...
အဆက်အသွယ်ရတာ သိပ်မကြာသေးဘူးလေ...
အဆက်အသွယ်လည်းရရော ဖေဖေကဆုံးပြီတဲ့...

ဖေဖေဆုံးသွားတာတောင် မမြင်တောင်မမြင်လိုက်ရဘူး

တွေးမိတိုင်း ရင်ထဲမကောင်းဘူးဗျာ...
ဘ၀တွေများ ဘယ်လိုကံကြမ္မာတွေ ကွေးကောက်ခဲ့လို့ပါလည်းမသိပါဘူးနှင်းရေ...

နှင်းလေးလည်း
ဘယ်လိုခံစားနေရမယ်ဆိုတာ ထပ်တူခံစားမိပါတယ်....

ပြန်မရတော့တဲ့ ငယ်ဘ၀တွေကို တမ်းတလွမ်းဆွတ်နေရုံမှအပ ဘာမှမတတ်နိုင်ခဲ့ပါ....

ချစ်ခင်စွာဖြင့်
ပြည့်စုံ (ဝေါသားလေး)

Yu Ya said...

မနှင်းရေ..

ကလေးဘ၀လေး ပြန်လိုချင်တဲ့သူတွေထဲမှာ ကျွန်တော်လည်း တစ်ယောက်အပါအ၀င်ပါဗျာ။

ပြန်စဉ်းစားကြည့်ရင် အပူအပင်ကင်းကင်းနဲ့ ဘ၀ကို ဖြတ်သန်းရတာ အေးချမ်းလိုက်တာနော်။

အင်း..ဒါပေမယ့် ကျွန်တော်တို့ အတွက် ကလေးဘ၀လေးကို ပြန်လိုချင်ပေမယ့်..တချို့တချို့ သော ကလေးဘ၀ကို ခါးသီးသူတွေအတွက်တော့ သူတို့ ဘယ်ပြန်လိုချင်ကြမှာလည်းနော်.။

yu ya

Lover Rain said...

နိဗာန်ပျောက်နေတဲ့သူတွေအမြန်ဆုံးပြန်တွေ့ နိုင်ပါစေဗျာ ညီမနူင်းကတော့ နတ်ပြည်ရောက်မှာပါ သူများတွေခံစားချက် ကို အရမ်းသိတဲ့ ညီမနှင်း ချမ်းမြေ့ပါစေ


အကို (ပိတောက်မြေ)
loversnow.ning.com

နောက်လဲလာလည်နော်

Glitter Graphics