Saturday 10 May 2008

အမှားတွေ့ရင် ပြင်ပေးကြပါနော်

ကျေးဇူးတင်ပါတယ် ကိုဝဿန်ဦး။ နှင်းလဲ စာကိုရေးချင်ဇောပဲရှိပြီး သေသေချာချာ မလေ့လာမိလိုက်ပါဘူး။ ကိုယ်ရေးလိုက်တဲ့ စာကြောင့် ဖတ်တဲ့လူတွေ အမှတ်မှားသွားစေနိုင်တယ် ဆိုတာကို သတိထားရမှာပါ။ အခုလိုမျိုး နှင်း ရေးသားတာတွေကို တကူးတကလာဖတ်ပြီး လိုအပ်တာတွေကို ပြောပြပေးလို့လဲ ကျေးဇူးလဲတင် ၀မ်းလဲသာမိပါတယ်။ စာတစ်ခုကို ရေးခါနီးတိုင်း သေသေချာချာ လေ့လာပြီးမှ ရေးသင့်တယ်ဆိုတာကို စိတ်ထဲမှာ မှတ်သားထားလိုက်ပါတယ်။ နှင်း ဘလော့ကို လာရောက်လည်ပတ်ကြတဲ့ ညီအစ်ကိုမောင်နှမအားလုံးပဲ အရေးအသား အပြောအဆိုတွေမှာ အမှားပါခဲ့ရင် comment သို့မဟုတ် c box မှာပြောပေးကြပါလို့ မေတ္တာရပ်ခံပါတယ်။်

1 comment:

Dr. Yi Yi Win said...

စာများများရေးသူဟာ အမှားပါမှာ ဂရုစိုက်ရင်းစာလည်းများများဖတ်ဖြစ်သွားတယ်။ နှစ်ဦး
နှစ်ဖက်အကျိုးရှိပါတယ်။
ဒါနဲ့ တရုပ်ပြည်မှာ ငလျှင်လှုပ်တဲ့သတင်းကြားလို့ ..နှင်းလေးနေတဲ့နေရာနဲ့ ဆိုင်မဆိုင်မသိ
လို့ မေးရင်းနဲ့ စာလာဖတ်သွားတယ်နော်။ ဂရုစိုက်ပါကွယ်။

နောက်လဲလာလည်နော်

Glitter Graphics