Thursday 1 May 2008

snow

လူတိုင်းမှာ စိတ်ကူယဉ် အိမ်မက်ရှိကြပါတယ်။ နှင်း လဲလူထဲက လူတယောက်ဆိုတော့ စိတ်ကူး ယဉ်တတ်တာပေါ့နော်။ အင်း စိတ်ကူးက တခြားလူတွေလို ဘာကြီးဖြစ်ချင်တယ် ဘာလုပ်မယ် ဆိုတာတွေတော့ ရှိပါတယ်။ အဲဒါတွေထဲကမှ နှင်း ရဲ့စိတ်ကူးလေးကတော့ နှင်းတွေကျနေတဲ့ အချိန်မှာ ဆော့ကစားချင်တဲ့ စိတ်ကူးလေးပါပဲ။ မြန်မာပြည်မှာ နေနေရတဲ့ နှင်း အတွက်တော့ ဒါဟာစိတ်ကူးယဉ်မှုတစ်ခုပါပဲ။ နှင်းတွေရှိတဲ့ နေရာမှာနေနေတဲ့ လူတွေကို အရမ်းအားကျတယ်။ ဓါတ်ပုံတွေကြည့်ပြီး ပျော်နေတတ်တာကတော့ နှင်း ရဲ့ရူးသွပ်မှုတခုပါပဲ။

နှင်း တွေကဖြူစင်တယ်။ အေးချမ်းတယ်။ နူးညံ့တယ်။ မာကျောတယ်။ အပူနဲ့တွေ့လိုက်ရင် အရည်ပျော်ပြီး ဘာမှမရှိတော့ဘူး။ ဒါတွေက ဘေးကနေ ထိုင်ကြည့်နေတဲ့ လူတစ်ယောက်ရဲ့ အမြင်တွေပါ။ အဲဒီလိုပဲ နှင်း တွေက ကြောက်စရာလဲ ကောင်းတယ်။ လူတစ်ယောက်ကို အေးခဲပြီးသေစေနိုင်တယ်။ လူတွေကို ပျော်ရွှင်အောင် ဖန်တီးပေးသလို ကြောက်စရာကောင်းလောက်အောင်လဲ ဒုက္ခပေးတတ်တယ်။ လမ်းတွေပိတ်အောင် တားဆီးထားတတ်သလို လူတွေအလုပ်ရှုပ်အောင်လဲ လုပ်တတ်တယ်။ နှင်းတောထဲသွားဖို့အတွက် အကာအကွယ်တွေဝတ်ရတယ်။ ဘာမှမလိုပါဘူးဆိုပြီး မကာကွယ်ရင် ဒုက္ခရောက်တာ့တာပါပဲ။

နှင်းဆိုတာက အပြင်ပန်းကြည့်ရင် လှပနေတယ်။ နူးညံ့နေတယ်လို့ ထင်ရပေမယ့် အေးစက်မာကျောပြီး အန္တရာယ်များပါတယ်။ ဒါပေမယ့် နေရောင်ခြည်ရဲ့ အပူဒဏ်ကိုတော့ အံမတုနိုင်ပဲ သူလဲ အရည်ပျော်ရတာပါပဲ။ ဒါပေမယ့် အဲဒီလို နှင်းတွေကိုမှ ချစ်တယ်။ နှင်းတွေကြားထဲမှာ ဆော့ကစားချင်တယ်။ အဲဒီဒဏ်တွေကို ခဏလောက် ခံစားကြည့်ချင်တယ်။ နှင်းတွေရှိတဲ့ နိုင်ငံတခုခုကို သွားဖြစ်အောင် သွားမယ်လို့ စိတ်ကူးထားတယ်။ ကံကြမ္မာက အခွင့်အရေးပေးခဲ့ရင်တော့ နှင်း ချစ်တဲ့ snow တွေကို ထိတွေ့ခွင့် ရမှာပါနော်။



2 comments:

အမှန်မြင်ဖို့ said...

နှင်းလေး ချစ်တဲ့၊တောင့်တတဲ့၊ရောက်ချင် ၊သွားချင်၊ထိတွေ့ချင်တဲ့ snow တွေရှိတဲ့နေရာလေးကို ကံကြမ္မာက အမြန်ဆုံး အခွင့်အရေးပေးပါစေရှင်...း)

Apprenticeship said...

I heart you sis. I used to love to live where the snow are.. but now I'm here and very tired of it. It can be very depressed barr enjoy the tropical weather naw :)

နောက်လဲလာလည်နော်

Glitter Graphics