Monday 19 May 2008

မေတ္တာငတ်မွတ်လို့ သေဆုံးနေရသူတွေ

ဒီနေ့ ကမ္ဘာမှာ အကြီးကျယ် အဆိုးဝါးဆုံး ရောဂါဟာ
တီဘီလည်း မဟုတ်ဘူး
အနာကြီးရောဂါလည်း မဟုတ်ဘူး
နှစ်သက်လိုလားသူ မရှိတာ။
မေတ္တာထားခြင်း ကြည့်ရှုစောင့်ရှောက်ခြင်း ကင်းမဲ့တာ၊
ပေယျာလကန်အပြုခံရတာတွေပဲ။

ကိုယ်ကာယ ရောဂါတွေကို
သာမန်ဆေးဝါးများ ပေးလို့ရပေမယ့်
အထီးကျန်ခြင်း
စိတ်ပျက်အားလျော့ခြင်း
မျှော်လင့်ချက် ကုန်ဆုံးခြင်းဝေဒနာကိုတော့
မေတ္တာတရားနဲ့သာ ကုစားနိုင်ပါတယ်။

ဒီနေ့ကမ္ဘာမှာ
ပေါင်မုန့်တစ်ဖဲ့အတွက် အသက်င်နေသူတွေ
အမြောက်အမြားရှိနေတာ မှန်သလို
မေတ္တာအကြင်နာလေး
နည်းနည်းမှမခံစားရလို့
သေဆုံးကြမယ့် လူတွေကလည်း
ဒုနဲ့ဒေးပါ။

မာသာ ထရီးဇာ


No comments:

နောက်လဲလာလည်နော်

Glitter Graphics