Wednesday 2 April 2008

မိခင်ဆိုတာ

မိခင် ဆိုတာ လူသားတိုင်းမှာ ရှိပါတယ်။ မိခင်တစ်ယောက်ဟာ သားသမီးတစ်ယောက်ကို မွေးဖွားဖို့အတွက် ဒုက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ့်ဗိုက်ထဲမှာ သားသမီးလေးရှိနေပြီဆိုတာကို သိလိုက်ရတဲ့ အချိန်ကစပြီး မမြင်ရသေးတဲ့ သားသမီးအတွက် ကြိုတင်ပြင်ဆင်ပြီး ကြည်နူးနေကြပါတယ်။ ကိုယ်ကြိုက်နှစ်သက်လှတဲ့ အစားအစာတွေကို စားလိုက်ရင် ဗိုက်ထဲကကလေးများ တစ်ခုခု ဖြစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်ကလေးနဲ့ မစားမသောက်ပဲ ဂရုတစိုက်ရှောင်ကြဉ်ကြတယ်။ ကိုယ်ဝန်ဆောင်မိခင်ဟာ သင်္ချိုင်းကို တစ်နေ ၃ ခါမျက်စောင်းထိုး တယ်လို့ ရှေးလူကြီးသူမတွေ ပြောကြပါတယ်။ ဒါဟာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်ရဲ့ အန္တာယ်ကြီးမားပုံကို ပြောပြခြင်းလို့ ထင်ပါတယ်။ အခန့်မသင့်ရင် သားသမီးလေးတွေကို မွေးဖွားရင်းနဲ့ မိခင်တွေဟာ အသက်ကို စတေးလိုက်ရတာတွေရှိပါတယ်။ သားသမီးလေးတွေ မွေးဖွားလာရင်လဲ ကိုယ်လက်အင်္ဂါအပြည့်အစုံ ပါလာဖို့ကိုလဲ ဆုတောင်းရတာ အမောပါပဲ။ မွေးဖွားလာလို့ ကိုယ်အင်္ဂါအပြည့်အစုံ မပါလာရင်လဲ သားသမီးလေးအပေါ် ဂရုနာစိတ်နဲ့ ပိုတိုးပြီး ချစ်ကြရပြန်တယ်။ အလုပ်လုပ်နေတဲ့ မိခင်တွေဆိုရင် ကလေးကို လွယ်ထားရတာကတစ်ဖက် အလုပ်လုပ်ရတာက တစ်ဖက် ပိုပင်ပန်းပါတယ်။ ထိုင်ဝမ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေဟာ မွေးဖွားခါနီး ၂ ပတ်အလိုလောက်မှ အလုပ်ကနေ ခွင့်ယူကြပါတယ်။ မွေးဖွားပြီးလို့ ၁ လဆိုရင် အလုပ်ပြန်တက်ကြပါတယ်။ အလုပ်ထဲမှာလဲ သူများနဲ့တန်းတူ အလုပ်လုပ်ရတဲ့အတွက် ပုံမှန်လူထက် ပင်ပန်းပါတယ်။ ဘယ်လိုပဲ ပင်ပန်းနေပါစေ သားသမီးတွေအတွက် ဆိုတဲ့အတွေးလေးနဲ့ ကျေနပ်နေကြပါတယ်။

1 comment:

စိုးထက် - Soe Htet ! said...

တစ်ကယ့် အနှိုင်းမဲ့ပါ ခင်ဗျာ :D

နောက်လဲလာလည်နော်

Glitter Graphics