Sunday 6 April 2008

ပုံချတာလည်း မလုပ်ပါနဲ့ လွှဲချတာလည်း မလုပ်ပါနဲ့ ၀ါးချတာလည်း မလုပ်ပါနဲ့

အယူမှား ရွှံ့နွံ့တွေ ကင်းစင်တဲ့
အယူမှန် ကြာလိုလူ
ဖြစ်ချင်တယ်ဆိုရင်
ဘာမဆို
အတိတ်ကံကိုချည်း
ပုံချတာမျိုးလည်း မလုပ်ပါနဲ့
ဘာဖြစ်ဖြစ် ဖန်ဆင်းရှင်ကြောင့်လို့
လွှဲချတာမျိုးလည်း မလုပ်ပါနဲ့
လောကကြီးက
သူဖြစ်ချင်သလို ဖြစ်နေတာပါလို့
ဝါးချတာမျိုးလည်း
မလုပ်ပါနဲ့
ကိုယ်ကိုယ်တိုင် ပြုလုပ်ခဲ့တဲ့
ကံတရားတွေက
ကိုယ့်ကို အကျိုးပေးနေတာလို့
အခိုင်အမာ ယုံကြည်လိုက်ပါ။
ကိုယ့်ကံသာ
ကိုယ့်ဘ၀ရဲ့ ဖန်တီးရှင်လို့
အသေအချာ
နားလည်သဘောပေါက်လိုက်ပါ။

အရှင်ဆန္ဒာဓိက

့

No comments:

နောက်လဲလာလည်နော်

Glitter Graphics