ဟင်းကောင်းကောင်း ချက်မစားရတာကြာပြီ။ ဒီနေ့တော့ တရုတ်ရိုးရာကတော့ပွဲရှိလို့ ပိတ်တယ်လေ။ ဒီနေ့တော့ ကြက်သားကို ပဲငါးပိချက်တယ်။ သီစုံပဲကုလားဟင်း နဲ့ ကြက်ဥခေါက်ကြော်ပါ။ ဒီနေ့အတွက် နေ့လည်စာပါ။ ကြက်သားပဲငါးပိကို ချက်ဖို့အတွက် ပထမဆုံး ကြက်သား ကြက်သွန်နီ ခရမ်းချဉ်သီးကို လက်တလုံးအရွယ် အတုံးကလေးတွေတုံးထားပါ။ ချင်းအနည်းငယ် လှီးထားပါ။ ပြီးရင်တော့ ဒယ်အိုးထဲ ဆီအနည်းငယ်ထည့်ပါ။ ကြက်သွန်နီ နဲ့ ချင်းကိုထည့်ပြီး ဆီသပ်ပါ။ ကြက်သွန်အနည်းငယ်ကျက်ပြီဆိုရင် ခရမ်းချဉ်သီးနဲ့ ကြက်သားထည့်ပြီး ကျက်အောင်လုပ်ပါ။ ကြက်သားကျက်ပြီဆိုရင်တော့ ပဲငါးပိကိုထည့်ပါ။ ရေအနည်းငယ်ထည့်ပြီး အပေါ့အငန်ကိုတော့ လိုအပ်သလိုထည့်လိုက်ပါ။ ရေလဲပွက်လာပြီဆိုရင်တော့ စားလို့ရပါပြီ။ သီးစုံကုလားပဲဟင်းချက်ဖို့အတွက် ကုလားပဲကို ရေဆေးပြီး ပြုတ်ထားပါ။ အာလူး၊ ခရမ်းသီး၊ ဘူးသီ၊ ပဲတောင့်ရှည် တို့ကို အနေတော်အရွယ် လှီးထားပါ။ ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ထောင်းထားပါ။ ပဲပြုတ်တာနူးပြီဆိုရင်တော့ ကြက်သွန်ထောင်းထားတာကို အရောင်တင်မှုန့်နဲ့ဆီသပ်ပါ။ ကြက်သွန်ကြက်ရင် လှီးထားတဲ့ အသီးစုံကို ထည့်ပြီး ဆီသပ်လိုက်ပါ။ ပြီးရင်တော့ ပြုတ်ထားတဲ့ ပဲဟင်းအိုးထဲကို ထည့်လိုက်ပါ။ အပေါ့အငန်ကို လိုသလောက်ထည့်ပါ။ ပဲဟင်းအိုးလဲပွက်လာပြီ အသီးတွေလဲ ကျက်ပြီဆိုရင်တော့ နောက်ဆုံး မဆလာလေးထည့်လိုက်ပါ။ ဒါဆိုရင်တော့ မဆလာနံ့မွှေးမွှေးလေးနဲ့ ကုလားပဲဟင်းတခွက် စားလို့ရပါပြီ။ ကြက်ဥခေါက်ကြော်ကတော့ လူတိုင်းကြော်တတ်လို့ မပြောပြတော့ဘူးနော်။ အားလုံးပဲ နေ့လည်စာလာစားကြနော်။

2 comments:
လာသွားရည် ယိုသွားပါတယ် ဏ
စားလို့လဲဝဘူး....
ဟွန်း...နဲနဲဘဲချက်တာကိုး.....
Post a Comment