၁။ ကိုယ်မြတ်နိုးတဲ့အရာတစ်ခုကို သူတစ်ပါးက တန်ဖိုးမရှိဘူးပြောလာတာ မကြိုက်ရင် ကိုယ်လဲသူများတန်ဖိုးထားတာကို သွားမပြောပါနဲ့။
ို၂။ သင့်အတွက် အမှိုက်တစ်ခုဖြစ်ပေမယ့် တစ်ခြားသူအတွက် အဖိုးမဖြတ်နိုင်တဲ့ အရာဖြစ်နေတတ်တယ်။
၃။ ဗီဇနဲ့ စရိုက်ဆိုတာ ပြင်ဖို့ခက်ခဲပေမယ့် အကျင့်ဆိုတာကိုတော့ ပြင်ဖို့လွယ်ပါတယ်။
၎။ နင် နဲ့ ငါ လို့ပြောမှ ပိုရင်းနှီးတာ မဟုတ်ပါဘူး။ တစ်ခြားအခေါ်အဝေါ်တွေကလဲ ပိုရင်းနှီးစေပါတယ်။
(၁ ရက် ၁ မနက်ကြီးလဲ အကြီးပါပဲ)
၅။ ကိုယ်ကမလိုအပ်ဘူးလို့ ထင်နေတာတွေဟာ သဘာဝကြီးက လိုအပ်တယ်လို့ ဖန်တီးထားတာတွေလဲ ဖြစ်နေတတ်တယ်။
၆။ အသေးအဖွဲလေးပါဆိုတဲ့ အရာဟာ တစ်ချိန်မှာ အကြီးမားဆုံး အခက်အခဲ ဖြစ်လာတတ်တယ်။
၇။ မဟုတ်မခံတတ်တဲ့ စိတ်ရှိတာကောင်းပါတယ်။ ဒါပေမယ့် သူတစ်ပါးနားလည်အောင် အေးအေးဆေးဆေး ရှင်းပြတတ်ရတယ်။
No comments:
Post a Comment