အော် ၄ လပိုင်းတောင်ရောက်လာပြီနော်။ တနှစ်တနှစ် ကုန်သွားလိုက်တဲ့ အချိန်တွေက မြန်လိုက်တာနော်။ ၃၆၅ ရက်ဆိုတာ တွေးကြည့်ရင်သာ အကြာကြီးလို့ထင်ရပေမယ့် နောက်ပြန်ကြည့်တော့လဲ အရမ်းကို အကုန်ုမြန်ပါတယ်။ ၄ လပိုင်း ဧပြီလရောက်ပြီဆိုရင် မြန်မာတွေအားလုံးရဲ့ စိတ်ထဲမှာ မြန်မာတို့ရဲ့ နှစ်သစ်ကူး သင်္ကြန်ဆိုတာက ကြီးစိုးထားပါတယ်။ လူကြီး လူငယ် မရွေး ပျော်ရွှင်ကြတဲ့ ပွဲလဲဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီအချိန်ဆိုရင် သင်္ကြန်လည်ဖို့ ဆိုတာတွေနဲ့ လူငယ်တွေ အလုပ်ရှုပ်နေသလို လူကြီးတွေလဲ ကုသိုလ်လုပ်ဖို့ အစီအစဉ်တွေနဲ့ အလုပ်ရှုပ်နေကြပါပြီ။ ဒီအချိန်ရွာတဲ့ မိုးကို သင်္ကြန်အကြိုမိုး ပိတောက်ပွင့်အောင် ရွာပေးတဲ့ မိုးဆိုပြီး လူတွေအားလုံးမျှော်နေလောက်ပြီ။ ပိတောက်ဆိုတာကို မမြင်ရတာ ဒီနှစ်ဆိုရင် ၃ နှစ်ထဲရောက်လာပြီ။ ဒီနှစ်တော့ ပိတောက်တွေ အစောကြီး ပွင့်နေတယ်လို့ ကိုယုသာ လာပြောမှ သိရတယ်။ ပိတောက်ကတော့ ဧပြီလ သင်္ကြန်အတွက် သစ္စာရှိနေတုန်းပဲ။ ထိုင်ဝမ်မှာ သင်္ကြန်ပွဲလေး လုပ်ပါတယ်။ ဒါပေမယ့် မြန်မာပြည်က သင်္ကြန်ကိုပဲ လွမ်းမိပါတယ်။ ၂၀၀၆ ခုနှစ် သင်္ကြန်တုန်းက ဒီမှာလဲ သင်္ကြန်လုပ်တယ်ဆိုတော့ အိမ်ကလူကြီးတွေကို ပူဆာလို့ လိုက်ပို့ပေးကြပါတယ်။ ဒါပေမယ့် ရာသီဥတုကအေးနေတော့ အနွေးထည်အထူကြီးတွေနဲ့ ရေတောင် မထိချင်ပါဘူး။ မြန်မာပြည်မှာဆိုရင်တော့ ရာသီဥတုကလဲ ပူနေချိန် သင်္ကြန်ရေလေးထိလိုက်တော့ အေးအေးလေးပေါ့။ နွေနေပူပူမှာ ရေစိုပြီး မဖျားကြတာကတော့ သင်္ကြန်ရဲ့ ထူးခြားမှုလို့ ထင်ပါတယ်။ အခုတော့ မြန်မာပြည်က သင်္ကြန်ပွဲလေးကို စိတ်ကူလေးနဲ့ မျှော်မှန်းပြီး ပျော်နေရတော့မှာပါပဲ။
မိုးလေးကဖွဲဖွဲ
ရင်ထဲမှာတော့ လွမ်းဆဲ
မြန်မာမှာဆို သင်္ကြန်မိုး
ပိတောက်ပွင့်ဖို့ သူ့အားကိုး
ဒါပေမယ့် ငါ့အဖို့
ဒီိမိုးတွေက ဘာမှမဟုတ်
စိတ်ကူးနဲ့ ပျော်နေ
သင်္ကြန်ဆိုတာနဲ့ဝေးခဲ့တာ
ပြက္ခဒိန်တောင် ၃ ခုပြောင်းပြီ
ဘယ်တော့မှမပြောင်းတာက
ရင်ထဲက သင်္ကြန်ပိုး

2 comments:
မိုးလေးကလည်းဖွဲဖွဲရွာစပြု၊ သင်္ကြန်သီချင်းတွေကလည်းဟိုနားဒီနားကြားနေရတာကြာမို့ 
သင်္ကြန်ပိုးကတော့ လူလတ်ပိုင်းတွေတောင် မနေသာဘူးညီမလေးရေ။
မ ကမှန်တာတွေဘဲ
ရေးတာကိုး.........
အိမ်ပြန်ချင်လာပြီ....
Post a Comment