လူသားတိုင်းမှာ တာဝန်ဆိုတာ ရှိပါတယ်။ ကိုယ့်တာဝန်နဲ့ကိုယ် ထမ်းဆောင်နေကြရပါတယ်။ ဘယ်သူကမှ မပေးပဲနဲ့လဲ အခြေအနေတွေအရ တာဝန်တွေကို ထမ်းနေကြရတဲ့လူတွေလဲ ရှိပါတယ်။ အဲဒီတာဝန်တွေထဲက မိသားတစ်စုရဲ့ စားဝတ်နေရေးကို အဓိက တာဝန်ယူထားတာကတော့ ဖခင်ပါပဲ။ မိသားစုမှာ ဖခင်ဟာ အိမ်ထောင်ဦးစီးဆိုတဲ့ တာဝန်တွေကို ထမ်းဆောင်ရတဲ့လူဖြစ်တဲ့အတွက် ဖခင်မရှိရင် မိသားစုတွေ စားဝတ်နေရေး အခက်အခဲတွေ အများကြီး ဖြစ်လာပါတယ်။ အဲဒီအခါမှာ သားသမီးတွေထဲမှာ သားအကြီးများရှိခဲ့ရင် အကိုကြီးအဖရာဆိုသလို ဖခင်ရဲ့နေရာကို ၀င်ရောက်တာဝန်ယူကြရပါတယ်။ မိတ်ဆွေတစ်ယောက်ဟာ သူ့မိသားစုမှာ ဖခင်မရှိတော့တဲ့နောက်ပိုင်း အစ်ကိုကြီးအဖရာဆိုတဲ့ နေရာကို ဘယ်လိုတာဝန်တွေယူခဲ့ရသလဲဆိုတာကို မျှဝေခံစားပေးကြရအောင်နော်။










No comments:
Post a Comment