မြင်သာမြင် မကြင်ရဘူး
မင်းနဲ့ ငါ့ဘ၀ကလဲ
မိုးနဲ့မြေလိုပဲ..........
လမင်းထဲက ယုန်လေးက မင်းဆိုရင်
မြေပြင်ပေါ်က မော့ကြည့်နေတဲ့
ကောင်မလေးက ငါပါ............
လိုတရနေတဲ့ မင်းသားလေးမှာ
အညတြကောင်မလေး မရှိလဲ
ဘာမှမထူးခြားပါဘူး..........
လူတွေသတ်မှတ်ထားတဲ့
အဆင့်အတန်းဆိုတဲ့ တံတိုင်းကြီး
မင်းနဲ့ ငါ့ ကြား ခြားထားပြီးသားပဲ............
“ဖြစ်ချင်တာထက် ဖြစ်သင့်တာလုပ်ရမယ်”
ဒီစကားအတိုင်းပဲ
တစ်နေ့နေ့တော့
မင်း ငါ့ ကိုထားခဲ့မှာပါ........
အခုနေ မင်းသဘောကျတဲ့
ငါ ဆိုတဲ့အရုပ်လေးကို
ဘယ်အချိန်လွှင့်ပစ်မလဲ
ငါ မတွေးရဲဘူး...........
တစ်နေ့နေ့ပေါ့
အင်း............
အဲဒီတစ်နေ့အတွက်
အခုထဲက ငါ ပြင်ဆင်နေတယ်..........

No comments:
Post a Comment