Friday 5 September 2008

စဉ်းစားပါဦး

ရောမလိုရောက်ရင် ရောမလို ကျင့်ရမယ် ဆိုတဲ့ စကားအတိုင်း ကိုယ်နေထိုင်ရာဒေသကိုလိုက်ပြီး လိုက်လျောညီတွေ နေနေကြရပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ စိတ်ဓာတ်တွေ ကိုယ့်နိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှုတွေကို မေ့ပစ်ဖို့အထိ မပြောင်းလဲသင့်ဘူးလို့ ထင်ပါတယ်။ နေထိုင်စားသောက်မှုတွေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ မိဘအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာကိုတော့ မပြောင်းလဲသင့်ပါဘူး။ မြန်မာပြည်မှာ နေတုန်းကတော့ အလွန်လိမ္မာယဉ်ကျေးပါတယ်ဆိုတဲ့ သားသမီးတွေ နိုင်ငံရပ်ခြားကို ရောက်လာတဲ့အခါမှာ ဘယ်လိုတွေကြောင့် ရိုင်းစိုင်းပြီး မိဘကို ချစ်ခင်ကြင်နာစိတ်တွေ လျော့နည်းလာကြတာလဲ? ပတ်ဝန်းကျင်ကြောင့် ပြောင်းလဲလာရ
တာပါလို့ ပြောချင်လဲ ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ့်မှာ ကိုယ်ပိုင်အသိ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ ရှိနေတာက ဘာအတွက်အသုံးချရမှာလဲ.....။ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုး ဆိုပြီး ပြောကြမှာပဲ။ ဒါဟာလည်း ကိုယ့်ရဲ့စိတ်က ဖြစ်ချင်မှ လိုက်လုပ်မှ ဖြစ်တာပါ။ လူဆိုတာက စဉ်းစားဖို့ဦးနှောက် ရှိနေတာပဲ။ မိဘတွေက သားသမီးတွေကို ရင်အုပ်မကွာ ထားချင်လို့ အခက်အခဲပေါင်းစုံကို ရင်ဆိုင်ပြီး နိုင်ငံခြားကို ရောက်အောင် ခေါ်လာခဲ့တာပါ။ ဒါပေမယ့်လည်း နိုင်ငံခြားဆိုတာကိုလည်းရောက်ရော အပြောအဆို အနေအထိုင် စိတ်ဓာတ်တွေကအစ ပြောင်းလဲလာပြီး မိဘအပေါ်မှာပါ သနားညှာတာစိတ်တွေ ကင်းလာကြတယ်။ အရာရာကို သိတတ်နားလည်နေတဲ့ အရွယ်တွေဖြစ်နေပါလျက် ဘာကြောင့်များ ဒီလိုတွေဖြစ်နေတယ်။ မဖြစ်သင့်ဘူးထင်လို့ တားမြစ်လိုက်ရင် “ဒါက မြန်မာပြည်မဟုတ်ဘူး နိုင်ငံခြား” ဆိုပြီး ပြောကြပြန်တယ်။ နိုင်ငံခြားမှာနေလို့ သူတို့တွေလို လိုက်လုပ်ရမယ် လိုက်နေရမယ်ရယ်လို့ မသတ်မှတ်ထားပါဘူး။ ကိုယ်တိုင်က လုပ်ချင်နေလို့ ဆင်ခြေပေးလိုက်တာပါ။ သူတို့တွေက သူတို့နိုင်ငံ သူတို့ဓလေ့ မွေးကတည်းက နေလာတဲ့ပုံစံဖြစ်လို့ ဘယ်လိုမှ မနေပါဘူး။ ဒါပေမယ့် ကိုယ်တွေကျတော့ ကိုယ့်ဓလေ့ ကိုယ့်နိုင်ငံလဲမဟုတ်ပါပဲ လိုက်လုပ်တဲ့အခါ ဘယ်လိုဖြစ်နေမလဲ စဉ်းစားကြည့်ပါ။

No comments:

နောက်လဲလာလည်နော်

Glitter Graphics