Tuesday 9 September 2008

တွေးပြီးရယ်မယ်

ပျောက်ပုံဆန်း

“ခုတလော အားကြီးပျောက်တယ်ကွာ”
“နေ့ရောညရော အစောင့်တွေရှိနေတဲ့ကြားက ပျောက်တာလား”
“ပစ္စည်းပျောက်တာမဟုတ်ဘူးကွ စာရင်းစာအုပ်ထဲက ဂဏန်းတွေပျောက်ပျောက်နေတာ”

ကြွားပုံက

“ရှင့်သားခု ဘာလုပ်နေလဲ ကျွန်မသားကတော့ မန်နေဂျာဖြစ်နေပြီ”
“ဟုတ်လား ကျွန်မသားကလဲ ကုန်တိုက်မှာ အရေးပါတဲ့သူ ဖြစ်နေပါပြီ ပြဿနာတစ်ခုခုရှိတာနဲ့ သူ့ကိုခေါ်မေးရတာ။ သူသွားဖြေရှင်းပြမှဖြစ်တာ”
“သြော် ဘာရာထူးများပါလိမ့်”
“ညစောင့်လေ”


လုပ်ချင်မှလုပ်

“မင်းတာဝန်ယူရမှာ ဒီဂိုဒေါင်ဆယ်လုံးပဲ”
“ပေးတဲ့လစာက မနည်းဘူးလားခင်ဗျာ”
“အိပ်ရာပြောင်းအိပ်တဲ့ လစာလို့ သဘောထားလေ”
“မင်းအိမ်မှာ အိပ်မယ့်အစား ဒီမှာလာအိပ်ရတာ ဒါတွေက မြေတူးစက်ကြီးတွေ ထားတဲ့ဂိုဒေါင်ကွ”


ဖွင့်မယ်

“မန်နေဂျာကြီး လာပါဦး”
“ပြောပါသူဌေး”
“ရှေ့ခန်းမှာ စာရေးမဘယ်လောက်ခန့်ထားတာလဲ”
“ဆယ်ယောက်ပါ”
“အင်း ဆယ်ယောက်ဆိုတော့ ကျုပ်အခန်းထဲမှာ နေရာပေးဖို့ဆံ့မှာ မဟုတ်ဘူး။ ဒီတော့ လက်သမားဆရာ ခေါ်ဗျာ”
“ဘာလုပ်မှာလဲဆရာ”
“ခန်းဆီးတွေ ဖြုတ်ခိုင်းမယ်”


ကွက်လပ်ကလေး ဖြည့်လိုက်ကြပါ

သူငယ်ချင်းဖြစ်သူ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအား အပျိုကြီတစ်ဦး ညည်းညည်းညူညူ ပြောကြားသည်ကား............
“လောကမှာ ယောကျာင်္းအတော်များများက လူလိမ်လူညာတွေချည်းပဲ”
“ဘာဖြစ်လို့လဲဟ”
“တစ်ချိန်က ငါ့ကိုချစ်လှပါတယ် ကြိုက်လှပါတယ်ဆိုတဲ့ ယောကျာင်္းတွေ အများကြီးပဲ”
အဲဒီတော့ ဘာဖြစ်လဲ”
“ငါ့ကို ယူမယ့်သူကျတော့ တစ်ယောက်မှ မရှိလို့”
“ဟိုက်”



4 comments:

Anonymous said...

“တစ်ချိန်က ငါ့ကိုချစ်လှပါတယ် ကြိုက်လှပါတယ်ဆိုတဲ့ ယောကျာင်္းတွေ အများကြီးပဲ”
“အဲဒီတော့ ဘာဖြစ်လဲ”
“ငါ့ကို ယူမယ့်သူကျတော့ တစ်ယောက်မှ မရှိလို့”
…………………………………………………………
တွေးပြီး ရေ သွားပါတယ် ခင်မျာ

တားမြစ် ထားသော... said...

:D
ကြွားပုံက။
လုပ်ချင်မှလုပ်။
:) :P :D

Bo Hein said...
This comment has been removed by the author.
အညာသား said...

အဲဒီအမျိုးသမီးကလဲ အနော်နဲ့ နဲနဲတူတယ်သိလား။
အနော့် ချစ်လှကြိုက်လှပါတယ် ဆိုတဲ့ မိန်းကလေးတွေ အများကြီးပဲ။ ယူမယ့်သူတွေလည်း အများကြီးပဲ။ ဒါပေမယ့် ဘယ်သူ့ကိုမှ မယူရဲဘူးဖြစ်နေတယ်။ သူတို့ထဲက တစ်ယောက်ကို
ကျနော် လက်ထပ်ယူလိုက်ရင် ကျန်တဲ့သူတွေက ကိုယ့်ကိုယ်ကို သတ်သေမယ် လုပ်နေကြလို့။ ကယ်ပါအုံးဗျာ....။ :D

နောက်လဲလာလည်နော်

Glitter Graphics