Monday 29 September 2008

ခရီးသွားဦးမယ်

အခုတစ်လော ခရီးတစ်ခုကိုသွားဖို့ ပြင်ဆင်နေပါတယ်။ နှင်း စိတ်ကူးထဲမှာ အရမ်းကိုသွားချင်နေတဲ့ နေရာလေးတစ်ခုဆိုရင်လဲ မမှားပါဘူး။ သွားချင်တဲ့ နေရာတွေအများကြီးထဲက တစ်ခုပေါ့နော်။ ပထမကတော့ သွားမယ်မသွားဘူးနဲ့ လွန်ဆွဲနေတာပါ။ ပါပါးနဲ့ မာမားရဲ့ အလိုလိုက်မှုကြောင့် အခုတော့ သွားရမှာပါ။ နှင်းရဲ့မောင်လေးနဲ့အတူ မောင်နှမနှစ်ယောက်သွားဖို့ ပြင်ဆင်နေပါတယ်။ အများကြီးမကြာပါဘူး။ ၄ ညအိပ်ပါပဲ။၂ ရက်နေ့သွားပြီး ၆ ရက်နေ့မနက်ပိုင်း ပြန်လာမှာပါ။ ပြန်လာရင်တော့ ထုံးစံအတိုင်း သွားခဲ့တာတွေကို ပြန်လည်ဖောက်သည်ချမှာပါ။ ဘယ်ကိုလဲဆိုတာ သိချင်နေမလားပဲနော်.........အခုတော့ပြောသေးဘူး။ သွားမယ့်နေ့ကျမှပြောပြမယ်။ ထိုင်ဝမ်နဲ့ အချိန် ၁ နာရီကွာတဲ့ နေရာလေးတစ်ခုကိုပေါ့............ပြီးတော့ မင်းသားမင်းသမီး ချောချောလေးတွေနဲ့ ကောင်မလေးတွေ အရမ်းကြိုက်တဲ့ မင်းသားလေးတွေရှိတဲ့ နေရာပေါ့ကွယ်...........

2 comments:

khin oo may said...

တို.လဲ လိုက်မယ် ချန်မထားနဲ.။

Anonymous said...

အခုမှ အလည်စရောက်တာ အိမ်ရှင် မရှိဘူး ဖြစ်နေတယ် ..
ိုကိုယ့်ဖာသာပဲ ခပ်တည်တည်နဲ့ ကော်ဖီတစ်ခွက် ဖျော်သောက်သွားပါတယ် .. :P

နောက်လဲလာလည်နော်

Glitter Graphics