Monday 29 September 2008

စိတ်မကောင်းပါဘူး

ဒီနေ့ တနလာင်္နေ့ အမှန်တကယ်ဆိုရင်တော့ အလုပ်သွားရမယ့် နေ့တရက်ပါပဲ။ ဒါပေမယ့်လည်း မုန်တိုင်းသတိပေး ကြော်ငြာချက်အရ ထိုင်ဝမ်ရဲ့ မြို့တော်တော်များများမှာ အလုပ်မတက်ရ ကျောင်းမတက်ရဆိုပြီး ကြော်ငြာထားတဲ့အတွက် အိမ်ထဲမှာ နားနေခွင့်ရပါတယ်။ မုန်တိုင်းဆိုတာကတော့ ထိုင်ဝမ်မှာ ၇ လပိုင်းလောက်ကနေ စပြီးတွေ့ကြုံရတဲ့ သဘာဝဘေးတစ်ခုပါ။ တနှစ်တနှစ် မုန်တိုင်းကြောင့် ပျက်စီးတာလဲ မနည်းပါဘူး။ သေဆုံးသွားရတဲ့လူကလဲ နှစ်တိုင်းပါပဲ။ အရင်တလောကပဲ မုန်တိုင်းဝင်လို့ တံတားတွေကျိုး လူတွေသေပြီး ဘာမှမကြာဘူး အခုလဲ ထပ်ဖြစ်ပြန်ပါပြီ။ ဒီမှာက သတိပေးကြော်ငြာချက်တွေ ကယ်ဆယ်ရေးတွေရှိနေတာတောင် မထင်မှတ်တဲ့နေရာတွေမှာ လူတွေသေဆုံးကြရတယ်။ သဘာဝဘေးကို ဘယ်လိုမှရှောင်လို့မရတော့လဲ ဒီလိုပဲ ခံစားကြရတာပါပဲလေ။ အသီးအနှံတွေဆိုတာ မုန်တိုင်းကြောင့်ပျက်စီးကြရတယ်။ အခုလို မုန်တိုင်းဝင်ပြီးပြီဆိုရင် အသီးအနှံတွေ ဈေးတက်သွားပြီး။ ကိုယ်စားချင်တာမစားရပါဘူး။ မြန်မာနိုင်ငံမှာနေတုန်းက ရန်ကုန်မှာဆိုတော့ အခုလိုသဘာဝဘေးဆိုတာ ဘာမှန်းတောင်မသိခဲ့ပါဘူး။ တခြားနေရာတွေမှာ ရေကြီးတယ်ဆိုလဲမသိပါဘူး။ စိတ်ထဲမှာရေတွေနဲ့ဆို ပျော်စရာကြီးလို့ပဲ တွေးနေခဲ့တာပါ။ အခုတော့ သဘာဝဘေးကို ကြောက်တတ်လာပါတယ်။ ဒီတပတ်ဝင်တဲ့ မုန်တိုင်းက လေတော်တော်ကြမ်းပါတယ်။ နှင်းနေတဲ့အိမ်က ၈ ထပ်မှာအပြင် ကုန်းလဲနည်းနည်းမြင့်တော့ လေတိုက်တာကို ပိုခံစားရတယ်။ လေတိုက်လို့ထွက်လာတဲ့အသံက တော်တော်ကို ကြောက်စရာကောင်းပါတယ်။ tv လိုင်းတွေလဲ ပျက်တော့ အိမ်ထဲမှာပဲ ကွန်ပျူတာတလုံးနဲ့ အလုပ်ရှုပ်နေတော့တာပေါ့။ အင်း သတင်းတွေကြည့်ပြီး စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပါပဲ။

2 comments:

Steve Evergreen said...

I love your signature

ရွှန်းမီ said...

မနှင်းလေး.. လုံခြုံဘေးကင်းပါစေ.. ။
မုန်တိုင်းဒဏ် ထိရင်တော့ စိတ်မကောင်းစရာတွေချည်းပါပဲ။
အိမ်ကရော လေတိုက်ပေမယ့် ဘာမှ မဖြစ်ဘူး မဟုတ်လား။
မုန်တိုင်းစဲရင် အလုပ်တွေ ဒီလိုပဲ ပြန်စကြတာပဲလားဟင်..။

နောက်လဲလာလည်နော်

Glitter Graphics