Monday 29 September 2008

ဘန်ကောက်လေဆိပ်သစ်သို့တစ်ခေါက်


လေဆိပ်အ၀င်
လေဆိပ်အတွင်းဘက်
ပစ္စည်းရွေးတဲ့နေရာ
ခရီးသည်နားနေတဲ့နေရာကို သွားရာလမ်း


ခရီးသည်နားနေတဲ့နေရာ

လေယာဉ်ပေါ်ကနေမြင်ရပုံ



အခုတစ်လော ဓါတ်ပုံစီဒီတွေကို ပြန်လုပ်ရင်းကနေ ဘန်ကောက်သွားတုန်းက ရိုက်ထားတဲ့ ဓါတ်ပုံတွေထဲက တစ်ချို့ကို ပြန်တွေ့ပါတယ်။ ဒီထဲကနေ ဘန်ကောက်လေဆိပ်ကို ရိုက်ထားတာတွေတွေ့တာနဲ့ ပိုစ့်တင်ဖြစ်သွားတာပါ။ ဘန်ကောက်ကို အရင်အခေါက်တွေသွားတုန်းက လေဆိပ်အဟောင်းကနေပဲ အ၀င်အထွက်လုပ်ရပါတယ်။ နောက်ဆုံးတစ်ခေါက်သွားတဲ့အခါမှာတော့ သုဝဏ္ဏဘုမ္မိ လေဆိပ်အသစ်ကြီးက ဖွင့်ပြီးသွားပြီဖြစ်တဲ့အတွက် လေဆိပ်အသစ်ကနေ အ၀င်အထွက်လုပ်ရပါတယ်။ လေဆိပ်အသစ်ကြီးဟာ တကယ်ကိုပဲကြီးကျယ်ခမ်းနားလှပါတယ်။ လူဝင်မှုကြီးကြပ်ရေးကို ရောက်ဖို့အတွက် မိနစ် ၂၀ ၃၀ လောက် လမ်းလျှောက်ရပါတယ်။ ဘေးဝဲဟာအားလုံးနီးပါးကို မှန်တွေနဲ့ကြည့် ကာထားပါတယ်။ ခရီးသည်နားနေတဲ့နေရာတွေဟာလဲ သေသေသပ်သပ်နဲ့ သန့်ရှင်းနေပါတယ်။ ဆိုက်ရောက်ဗီဇာအတွက်လဲ အလွန်လွယ်ကူစွာပဲ ပြုလုပ်နိုင်ပါတယ်။ အပြန်အတွက် check in လုပ်တဲ့အခါမှာလည်း လွယ်ကူလှပါတယ်။ ကိုယ်စီးမှာက Thai လေကြောင်းလိုင်းဆိုရင် အဲဒီကောင်တာမှာပဲ ကိုယ့်လက်မှတ်ပြပြီး နေရာယူရုံပါပဲ။ ဘယ်နိုင်ငံကိုပဲသွားသွားThai လေကြောင်းကနေဆိုရင် ဒီတစ်နေရာထဲကနေ check in လုပ်လို့ရပါတယ်။ ဒီအတွက် ဘယ်နိုင်ငံသွားမှာမိုလို့ဆိုပြီး ကောင်တာရှာရတာ မလိုအပ်တော့ဘူးပေါ့။ ပြီးတော့ လူဝင်မှုကြီးကြပ်ရေးကို ၀င်ရပါတယ်။ အဲဒီကို ၀င်ပြီးပြီဆိုရင်တော့ လိုချင်စရာ ၀ယ်ချင်စရာတွေအစုံအလင်ရှိတဲ့ Duty Free ဆိုင်တွေကို ငေးမောရင် ကိုယ်စီးမယ့် လေယာဉ်ရှိရာ နားနေဆောင်ကို ဆက်သွားရပါတယ်။ နားနေဆောင်ကိုရောက်ဖို့လဲ လမ်းတော်တော်လျှောက်လိုက်ရပါတယ်။ လေဆိပ်ကြီးက ကြီးလဲကြီးသလို အပြင်အဆင်တွေကလဲ ရိုးရိုးလေးနဲ့ လှနေပါတယ်။ ထိုင်ဝမ်လေဆိပ်ထက်ကို အများကြီးလှပါတယ်။ အပြာရောင်မီးလေးတွေကို ခပ်မှိန်မှိန်လေးထွန်းထားတာကလည်း တစ်မျိုးလေးဆွဲဆောင်မှုရှိပါတယ်။ နှင်း လေဆိပ်ကိုသွားတယ့်အချိန်က မနက်အစောကြီးဖြစ်နေတဲ့အတွက် ဘေးပတ်ဝန်းကျင်ကို သေသေချာချာမတွေ့နိုင်သေးပါဘူး။ လေယာဉ်က မနက် ၇:00ကျော်ဆိုတော့ လေဟာဉ်ပေါ်တက်ပြီးမှပဲ နေရောင်ကို ကောင်းကောင်းတွေ့ရပါတယ်။ ဓါတ်ပုံတွေကတော့ ဖုန်းနဲ့ပဲရိုက်ယူခဲ့ရတဲ့အတွက် သိပ်ပြီးမကောင်းလှပါဘူး။ ကင်မရာကိုမထုတ်ချင်တော့တာကြောင့် အပြင်မှာလောက်သိပ်မလှပါဘူး။ တစ်ခုတော့ရှိတယ် ထိုင်းမှာက မြန်မာဆိုရင် အမြင်သိပ်မကြည်ကြပါဘူး။ လူဝင်မှုကြီးကြပ်ရေးမှာကအစ သိသာပါတယ်။

1 comment:

Anonymous said...

ဒီဇင်ဘာနှင်း ရေးတဲ့ ဘန်ကောက်လေဆိပ်သစ်ကြီး အကြောင်း သဘောကျလို့ပါဗျာ။ တိုင်ဝမ်တော့ မရောက်ဖူးပေမဲ့  ဘန်ကောက်မှာ ၄ နှစ်ကြာနေခဲ့တာကြောင့် ဒီလေဆိပ်ကြီးရော လေဆိပ်အဟောင်းပါ အကျွမ်းတ၀င်ရှိပါတယ်။
လေဆိပ်အဟောင်းကတော့ ဒွန်မူးရ်ယမ်းန် လို့ ထိုင်းအသံထွက်ပြီးတော့ အသစ်ကတော့ ဆူဝါနာဖုမ် (ရွှေမြေ) လို့ အဓိပ္ပါယ်ရပါတယ်။
လေဆိပ်သစ်ကြီး ခမ်းနားသလောက် လေဆိပ်
ဆိုက်ရောက်နဲ့  ထွက်ခွာဆောင် ဟာ လဲ အာရှအကြီးဆုံးစာရင်းဝင်ပါတယ်။ ကမ္ဘာ့ပြေးလမ်းအရှည်ဆုံး နဲ့  အမြင့်ဆုံးလေကြောင်းထိန်းမျှော်စင် တို့ ကို ပိုင်ဆိုင်ထားပါတယ်။
နိုင်ငံတကာလေကြောင်းလိုင်းက လေယဉ်ခရီးစဉ် တွေဟာ တစ်မိနစ် ကို တစ်စင်းနှုန်း နဲ့  အဆင်းအတက်လုပ်နေတဲ့  အရှုပ်ထွေးဆုံးလေဆိပ်ကြီးပါ။
မြန်မာနိုင်ငံသားများဝင်လာယင်တော့ ထိုင်းလ၀က ကနေပြီးတော့ မကြည်ဖြူတဲ့ မျက်နှာမျိုးနဲ့အပြင် ဗီဇာပါလာတာတောင်မှ အကြောင်း
အမျိုးမျိုးရှာပြီး ရစ်တတ်ပါတယ်ဗျာ။

နောက်လဲလာလည်နော်

Glitter Graphics