Friday 12 September 2008

ဒုက္ခတမျိုး

အခုတလော စိတ်က မြန်မာပြည်ကိုပဲ ပြန်ချင်နေပါတယ်။ နိုင်ငံရပ်ခြားမှာ နေရတာ ဘယ်လောက်ပဲ အဆင်ပြေပါတယ် ပြောနေပါစေ မပျော်ရွှင်ပါဘူး။ ကိုယ့်ကိုမွေးဖွားခဲ့တဲ့ နေရာလေးကိုပဲ တမ်းတမိပါတယ်။ မြန်မာပြည်ကို လွမ်းနေတယ်။ ပြန်ချင်နေပါတယ်ဆိုလို့ တမျိုးတွေလည်း မတွေးနဲ့ဦးနော်။ သံယောဇဉ် ထားနိုင်လောက်အောင်လည်း သူများတကာတွေလို လှတပတလေးမဟုတ်တော့ မထားခဲ့နိုင်ဘူးပေါ့ကွယ်။ သိပ်ချစ်ရတဲ့ ဖွားဖွားနဲ့ ဆွေမျိုးတွေကို လွမ်းလို့ တပတ်တခါ ဖုန်းခေါ်ရတာလည်း တော်တော်လေးကို ကုန်နေပါပြီ။ ပါပါးနဲ့ မာမားကလည်း သတိရတိုင်း မြန်မာပြည်ကို ဖုန်းဆက်လွန်းလို့ မြန်မာပြည်ကလူက ပြန်တားယူရပါတယ်။ ဒါကလည်း နိုင်ငံခြားရောက်နေတဲ့ မြန်မာတွေရဲ့ ဒုက္ခတမျိုးပါပဲ။ မြန်မာပြည်နဲ့ ဖုန်းပြောနေရတဲ့အချိန်ဆိုရင် စိတ်က ပျော်နေတာပါပဲ။ ကိုယ်သိချင်တာတွေ ကိုယ်ပြောချင်တာတွေကို ပြောနေရင်း ဖုန်းကကျသွားပြီဆိုရင်တော့ စိတ်ကသိအောင့် တော်တော်ဖြစ်မိပါတယ်။ တခြားနိုင်ငံတွေကို မိနစ်အများကြီးပြောလို့ရပေမယ့် မြန်မာနိုင်ငံကိုတော့ မိနစ်ပိုနည်းနေတာကို စိတ်ကလဲ မကျေမနပ်ဖြစ်မိပါတယ်။ ဒါပေမယ့်လည်း ဘာမှမတတ်နိုင်တဲ့အရာမို့ မကျေမနပ်ဖြစ်ပေမယ့် “ ကိုယ်က မဆက်ပဲမှ မနေနိုင်တာ” ဆိုတော့လည်း ပြောပြောဆိုဆိုနဲ့ပဲ ဆက်ရတာပါပဲ။ နှင်းတို့်မိသားစုတွေ ဖုန်းဆက်လွန်းလို့ ဖုန်းကဒ်ရောင်းတဲ့ဆိုင်မှာ ဖောက်သည်ဈေးနဲ့ဝယ်ထားရပါတယ်။ ဖောက်သည်ဈေးဆိုလို့လဲ အများကြီးမသက်သာပါဘူး။ ၅ ကျပ်လောက်ပဲသက်သာပါတယ်။ တခါတလေ အိမ်မှာကုန်သွားရင် ဖုန်းဆက်ပြီး စာရင်းမှတ်ခိုင်းတတ်ပါသေးတယ်။ ကဲ ဒီလောက်ဆိုရင် မြန်မာပြည်ကိုလွမ်းလို့ ခံစားရတဲ့ ဒုက္ခတမျိုးကို သိလောက်ပြီနော်။ ဖုန်းခတွေအရမ်းကုန်နေလို့ မြန်မာပြည်ကို မြန်မြန်ပြန်ချင်နေပါတယ်။

3 comments:

khin oo may said...

အားလုံး အတူတူပါဘဲ ညီမရေ.

Unknown said...

ဟုတ်တယ်ညီမလေးရေ..မမလည်းတိုင်ဝမ်မှာနေ
တာကြာတော့မြန်မာပြည်ကိုအရမ်းလွမ်းတာ..
ဒါကြောင့်တနှစ်တခါပြန်နေတာ.. အခုထိပိုက်ဆံမစု
မိသေးဘူး.. လေယာဉ်လက်မှတ်ဘိုးနဲ့တင်အကြွေး
မတင်တာကံကောင်းတယ်..
အားရင်မမဘလော့လေးကိုလာလည်ပါဦးနော်.
www.maythuaung.blogspot.com
ညီမလေးဘလော့ကိုတော့မမြဲဝင်ဖြစ်တယ်..cbox မှာ
တော့မအော်ဖြစ်ပါဘူး..
အလုပ်အကိုင်တွေအားလုံးအစဉ်ပြေပါစေကွယ်..

Anonymous said...

ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ။

နောက်လဲလာလည်နော်

Glitter Graphics