Tuesday 9 September 2008

ဖြစ်ပုံက

အော် ဘလော့တွေကို သွားမလည်ဖြစ်တော့ ဘယ်သူတွေ ဘာတွေရေးလို့ ဘာဖြစ်နေမှန်းမသိလိုက်ပါဘူး။ နှင်းကို တီတီ ဒရင်းက တက်လိုက်တော့ နှင်းသိတဲ့လူတွေကို တက်မယ်လဲလုပ်ရော တီတီကကြည့် ဦးအောင်တက်ထားတယ်လေ။ ဒါနဲ့ပဲ အစ်မသုံးယောက်ကို တက်လိုက်ပါတယ်။ ဖြစ်ပုံက မမယ်ဂုမီကို မမီးငယ်က တက်ထားပြီးသားဆိုတာကို မသိလိုက်ဘူး။ မအားတာနဲ့ ဘလော့တွေကို မလည်ဖြစ်တော့ အခုလိုဖြစ်တာပေါ့။ ပိုစ့်တွေလဲ မတင်ဖြစ်သလို ဘလော့တွေကိုလည်း မလည်နိုင်။ ဘလော့မှာ တန်းပလိတ်ပြောင်းလိုက်ပါတယ် ဘာမှမပေါ်တော့လို့ အလုပ်တွေရှုပ်သွားတာနဲ့ ဘာမှကို မလုပ်ဖြစ်တော့ပါဘူး။ ကိုယ်တိုင်ကလည်း HTML ကိုမသိတော့ သူများတွေလို လှတပတလေးလည်း မပြင်နိုင်ဘူးပေါ့ကွယ်။ ကိုယ်တိုင်ပေါ့လျော့တာကို မမယ်ဂုမီ ပြောမှသိရတော့ ရှက်လိုက်တာလေ မပြောချင်တော့ပါဘူး။ (ရှက်တတ်လို့ပဲ လူတကာသိအောင် ပြောပြနေတယ်။) မမယ်ဂုမီကိုလည်း အားနာမိပါတယ်။ နှင်းလုပ်လိုက်တာနဲ့ အလုပ်တွေရှုပ်သွားရတယ်။ ဘလော့ရောဂါကလည်း မသေးပါဘူးနော်။ ဘာပိုစ့်မှသာမတင်ဖြစ်တာ နေ့တိုင်းတော့ ဖွင့်ကြည့်ရတာ အမောပါပဲ။ ဘယ်သူတွေများလာလည်မလဲ ဘာတွေပြောမလဲလို့လေ။ ကယ် ဒီရောဂါကို ဘာဆေးနဲ့ကုရမလဲ မသိတော့ပါဘူး။ မမယ်ဂုမီရေ နောက်တစ်ခါ ဒီလိုမဖြစ်အောင် အမြဲလာလည်မယ်နော်။ ဒီတစ်ခါတော့ ဆောတီး အဲလေ ဆောရီးပါနော်............

1 comment:

megumi said...

ရပါတယ်ရှင့်။ စိတ်ထဲ မထားပါနဲ့နော်။ (2)ခါရေးတော့ မှတ်မိတာပေါ့နော်။ :D ကိစ္စမရှိပါဘူးသိလား။ ပျော်ပျော်ပါးပါး Blogging ကြရအောင်နော်။ :P :P

နောက်လဲလာလည်နော်

Glitter Graphics