Sunday 6 January 2008

အသုတ်စားရအောင်


ငါးသေတ္တာသုတ်နဲ့ ၀က်သားလုံးဟင်းရည်


နံနံပင်လေးအုပ်ထားတဲ့ ငါးသေတ္တာသုတ်


ဒီနေ့တော့ အစားပုတ်တဲ့ နှင်း ရဲ့အကျင့်အတိုင်း ဘာစားရင်ကောင်းမလဲစဉ်းစားရင်း လုပ်ရတာလဲလွယ်ကူပြီး စားရတာတစ်မျိုးလေးဖြစ်အောင် ငါးသေတ္တာကို သုတ်စားရအောင်နော်။
ငါးသေတ္တာမသုတ်ခင် ဂေါ်ဖီကိုပါးပါးလေးလှီးပါ။ ကြက်သွန်နီကိုလဲ ပါးပါးလေးလှီးပါ။ ပန်းကန်တစ်ခုထဲကိုထည့်ပါ။အစပ်ကြိုက်တဲ့သူအတွက် ငရုတ်သ်ီးစိမ်းကို လှီးထည့်ပါ။ ပြီးရင်တော့
ငါးသေတ္တာဘူးကိုဇွင့်ပြီး ဂေါ်ဖီ နဲ့ ကြက်သွန်နီ ထည့်ထားတဲ့ပန်းကန်ထဲ ထည့်ပါ။ ပြီးရင် သံပုရာသီးညှစ်ထည့်ပါ။ ပုဇွန်ငံပြာရည်ထည့်ပါ။ အသားမှုန့် (သို့) ဟင်းချိုမှုန့် ထည့်ပါ။ ဆီချက်တော့
မထည့်ပါနဲ့။ ငါးသေတ္တာထဲမှာ အနှစ်ပါတဲ့အတွက် ဆီချက်ထည့်စရာမလိုတော့ဘူးပေါ့။ အားလုံးထည့်ပြီးရင်တော့ သမအောင်နယ်လိုက်ပါ။ ပြီးရင် ပန်းကန်ပြားထဲထည့်လိုက်ပါ။ နံနံပင်ကြိုက်ရင်တော့
အပေါ်ကနေ နံနံပင်လေးဇြူးလိုက်ပါ။ ကဲအားလုံးပဲစားလို့ရပါပြီ။ အော်မေ့နေလို့ အသုတ်နဲ့တွဲပြီးစားလို့ရအောင် ဟင်းရည်တစ်ခွက်လောက်ချက်လိုက်ရအောင်။ ဟင်းရည်ချက်ရတာကလွယ်ပါတယ်။ အိုးတစ်လုံးထဲကို
ရေအနေတော်ထည့်ပါ။ ကြက်သွန်ဖြူကို မညက်တညက်ထောင်းထည့်ပါ။ ချင်းကြိုက်တဲ့သူက ချင်းနဲနဲထည့်ပါ။ ပြီးရင်အသင့်လုပ်ထားတဲ့ အသားလုံးထည့်ပါ။ အချိုအငန်ကို ကိုယ်ကြိုက်သလိုထည့်ပါ။ဟင်းရည်အိုးကိုရေကျအောင်တည်ပါ။
ရေလဲကျပြီ အပေါ့အငန်လဲအတော်ပဲဆိုရင်တော့ ငါးသေတ္တာသုတ်နဲ့ တွဲဖက်စားလို့ရပါပြီ။

1 comment:

အိပ်မက်ရှင် said...

ကျွန်တော် ငါးသေတ္တာသုတ် စားချင်တာနဲ့ Googling လုပ်ကြည့်တာ၊ ဆရာမ ဒီဇင်ဘာနှင်းရဲ့ ပိုစ့်ကို တွေ့လို့ အဲအတိုင်း လုပ်စားကြည့်မိတယ်၊ ကောင်းမှ ကောင်းဗျာ၊ ကျေးဇူးပါ ဗျို့။ :)

နောက်လဲလာလည်နော်

Glitter Graphics