Saturday 12 January 2008

ပြောပြတာကို မမှတ်မိတဲ့ လူပျိုကြီးအတွက်


အားလုံးအဆင်သင့်ဖြစ်နေပြီ




စားလို့ရပါပြီ




ငါးထမင်းနယ်လုပ်ဖို့အတွက် ပထမဦးစွာ ထမင်းကိုပုံမှန်ထက်ပျော့အောင်ချက်ပါ။ အသားများပြီးအရိုးနည်းတဲ့ ငါးအသားလွှာကို ရွေးပါ။ ငါးးကိုရေဆေးပြီး ဆား ၊အချိုမှုန့် နယ်ပါ။ အိုးတစ်လုံးထဲကို ငါးထည့်ပါ။ ရေကို ငါးမြှုပ်အောင်ထည့်ပါ။ ချင်း။ ကြက်သွန်ဖြု ကို မညက်တညက်ထောင်းပြီးထည့်ပါ။
ပုဇွန်ငံပြာရည်အနည်းငယ်ထည့်ပါ။ ငါးအသားနူးတဲ့အထိတည်ပါ။ အသားနွှင်ဖို့အတွက် ငါးကိုပန်းကန်ပြားတစ်ခုထဲထည့်ပါ။
ငါးကိုအရိုးပြောင်အောင်နွှင်ပါ။ ငါးအရိုးမပြောင်ရင် ထမင်းနဲ့ နယ်တဲ့အခါ လက်ကိုစူးမှာစိုးလို့။ ပြီးရင် ကြက်သွန်ဖြုနဲ့ ချင်းကို ညက်အောင်ထောင်းပါ။
ဒယ်အိုးထဲကို ဆီအနေတော်ထည့်ပြီး ကြက်သွန်ဖြုနဲ့ ချင်းထောင်းထားတာကို အရောင်တင်ငြုပ်သီးမှုန့် ဆီသပ်ပါ။ ငါးကပြုတ်ထားတဲ့အတွက် ရေပါနေတယ်။
ဒါကြောင့် အိုးထဲမှာငါးကို အနည်းငယ်ခြောက်အောင်မွှေပေးပါ။ ပြီးရင် ပန်းကန်တစ်ခုထဲကိုထည့်ထားပါ။ ပြီးရင် ခရမ်းချဉ်သီး၃ ၄ လုံးလောက်ကို အိုးတစ်လုံးထဲကို
ထည့်ပြီးပြုတ်ပါ။ အခွံလေးတွေကွဲလာပြီဆိုရင် အိုးကိုမီးဖိုပေါ်ကနေချလိုက်ပါ။ ခရမ်းချဉ်သီးကို အခွံနွှာလိုက်ပါ။ ပန်းကန်တစ်ခုထဲထည့်ပြီး ချေလိုက်ပါ။ အာလူး၃ ၄ လုံးလောက်ကို ပြုတ်ပါ။ ကျက်ပြီဆိုရင် အခွံနွှာပြီး ပန်းကန်ထဲကိုထည့်ထားပါ။ ငြုပ်ဆီလုပ်ဖို့အတွက် ဆီအပူခံတဲ့ ပန်းကန်တစ်ခုထဲကိုအရောင်တင်မှုန့် အနည်းငယ်ထည့်ပါ။ ဒယ်အိုးထဲကို ဆီအနေတော်ထည့်ပြီးကျက်လာပြီဆိုရင် အရောင်တင်မှုန့်ထည့်ထားတဲ့ ပန်းကန်ထဲကိုလောင်းထည့်ပြီး ဇွန်းနဲ့မွှေပေးပါ။ ဆီချက်ချက်ဖို့အတွက် ကြက်သွန်ဖြူကိုထောင်းပါ။ ဒယ်အိုးထဲကိုဆီထည့်ပြီး ကျက်ပြီဆိုရင်ကြက်သွန်ဖြူထည့်ပါ။ နနွင်းမှုန့်အနည်းငယ်ထည့်ပါ။ အားလုံးပြီးပြီဆိုရင်တော့ ငါးထမင်းနယ် စလုပ်ပါတော့မယ်။ ထမင်းကို ပန်းကန်ပြားကျယ်ကျယ်တစ်ခုထဲကိုထည့်ပါ။ ငါး ဆီသပ်၊ ခရမ်းချဉ်သီး၊ အာလူး၊အရောင်တင်ဆီ၊ဆီချက် အားလုံးထည့်ပါ။ အချိုမှုန့် ၊ ပုဇွန်ငံပြာရည် ထည့်ပါ။ ပြီးရင်တော့ ထမင်းကိုနယ်ပါ။ ထမင်းကို နှံအောင်နယ်ပါ။ နယ်တဲ့အခါလက်ဖနောင့်လေးနဲ့ ဖိပြီးနယ်ပေးပါ။ ပြီးရင်တော့ ထမင်းကိုအလုံးလေးလုပ်ပြီး ပန်းကန်ထဲထည့်ပါ။ ပြီးရင်တော့ အပေါ်ကနေထမင်းလုံးလေးမကွဲအောင်
ဖိလိုက်ပါ။ ပြီးရင်တော့ စားလို့ရပါပြီ။ ဟင်းရည်ကိုတော့ ကိုယ်ကြိုက်သလိုချက်စားလိုက်တော့နော်။ ရှမ်းပြည်ဘက်မှာတော့ ငါးထမင်းနယ်နဲ့ ဆေးခါးဟင်းရည်နဲ့ တွဲဖက်စားသုံးကြပါတယ်။

No comments:

နောက်လဲလာလည်နော်

Glitter Graphics