Wednesday 30 January 2008

နောက်ဆုံးရင်ခွင်


နေ့ နဲ့ ည အချိန်တွေပြောင်း
ရာသီတွေ အလီလီဟောင်း
နေရာတွေ ဘယ်လိုပင်ပြောင်း
စိတ်ထဲမှာ ဘယ်ခါမှမပြောင်းလဲပဲ
အမြဲထာဝရရှိနေတာက “မြန်မာပြည်”

ပြည့်စုံတဲ့ ရင်ခွင်မှာမပျော်
မပြည့်မစုံနဲ့ ရုန်းကန်နေရတဲ့
မင်း ဆီမှာနေရတာဟာ ပိုလို့ပျော်ပါတယ်

မချစ်လို့ ပစ်သွားတာမဟုတ်ပါဘူး
မတတ်သာလို့ ခပ်ခွာခွာနေနေရတာ
င့ါ ရင်ထဲမှာ မင်း အမြဲရှိနေတာပါ

ပြောမကုန်တဲ့ ပုံပြင်တွေရယ်
ငါ့ ဘ၀ရဲ့ မှတ်တိုင်တွေရယ်
မပြောင်းလဲပဲကျန်နေတဲ့ ငါ့ အတိတ်တွေရယ်
မင်း ဆီမှာခဏသိမ်းထားခဲ့တယ်နော်

မင်း ဆီကိုအရောက်ပြန်ခဲ့ဖို့
ငါ အင်အားတွေစုနေတယ်

ငါ့ ဘ၀ရဲ့နိဂုံးကို
မင်း ရင်ခွင်မှာ အဆုံးသတ်မယ်ဆိုတာ
မင်း ယုံအောင် ပုံပြင်အပြောမဟုတ်ပဲ
ငါ အလုပ်နဲ့ သက်သေပြမှာပါ

5 comments:

Unknown said...

နှင်းလေးရေ...

နေ့ နဲ့ ည အချိန်တွေပြောင်း
ရာသီတွေ အလီလီဟောင်း
နေရာတွေ ဘယ်လိုပင်ပြောင်း
စိတ်ထဲမှာ ဘယ်ခါမှမပြောင်းလဲပဲ
အမြဲထာဝရရှိနေတာက “မြန်မာပြည်”

ပြည့်စုံတဲ့ ရင်ခွင်မှာမပျော်
မပြည့်မစုံနဲ့ ရုန်းကန်နေရတဲ့
မင်း ဆီမှာနေရတာဟာ ပိုလို့ပျော်ပါတယ်.....။

မဟောင်းခဲ့နိုင်တဲ့ အမိမြေလေးမှာ
အခုအချိန်ဆို...
ဒီအချိန်ဆို......

အလွမ်းတွေက အလွမ်းတွေကို ပြန်လွမ်းနေတဲ့အထိပေါ့...။


ကဗျာလေးက အရာအားလုံးကို နာရီလက်တံတွေကို နောက်ပြန်ဆွဲလိုက်သလိုပါပဲ...။

ညီမလေး အားလုံးအဆင်ပြေပါစေဗျာ...။

နှင်းလေး said...
This comment has been removed by the author.
နှင်းလေး said...

ကျေးဇူးတင်ပါတယ် ကိုပြည့်စုံရေ ကိုပြည့်စုံလဲအဆင်ပြေပါစေ

ထိပေ့သျှင် said...

ဒီလို ဖြစ်နေရမှာ၊ ဂုဏ်ယူပါတယ် အစ်မ

ဒီဇင်ဘာနှင်း said...

ကျေးဇူးတင်ပါတယ် lmt

နောက်လဲလာလည်နော်

Glitter Graphics