Tuesday 29 January 2008

မြေးချစ်ရတဲ့ ဖွား


သားအချစ် မြေးအနှစ်တဲ့ မြေးအတွက်တော့အရမ်းကိုမှန်တယ်။ ငယ်ငယ်ကထဲက ဖွား လက်ပေါ်မှာကြီးခဲ့တဲ့မြေး..........ဖွား အပေါ်ကိုအမြဲတမ်းဆိုးပေမယ့်.......အပြုံးမပျက်တဲ့ ဖွား မျက်နှာက ဘယ်ခါကြည့်ကြည့် ကျက်သရေကိုရှိနေတာ။ သားသမီးတွေကို ဘယ်လိုပဲဆူခဲ့ရိုက်ခဲ့ မြေးအနှစ်ဆိုတဲ့အတိုင်း မရိုက်ရက်ခဲ့တာက ဖွား ရဲ့အချစ်တွေပေါ့။ ဘယ်သွားသွားခေါ်သွားတတ်တဲ့ ဖွား..........၃နှစ်အရွယ်မြေးကို ဒုက္ခခံပြီး သားသမီးတွေကကန့်ကွက်ရင်တောင် လက်မခံပဲ ရအောင်ခေါ်သွားတတ်တာကြောင့် ဖွား ကိုအရမ်းချစ်ခဲ့တာပေါ့။ ဖွား ချက်တဲ့ဟင်းကိုမှ စားချင်တယ်ဆိုရင် ကိုယ်တိုင်ချက်ကျွေးတတ်တာ ဖွား ရဲ့အကျင့်လေ။ ၁၀ ကျော်သက်အရွယ်မှာ ဖွား နဲ့ဝေးတဲ့နေရာမှာ ပြောင်းနေခဲ့ရပေမယ့် တစ်နေ့မှ မမေ့ခဲ့ပါဘူး ဖွား ရယ်။
ကိုယ့်ကျန်းမာရေးထက် သားသမီးတွေ မြေးတွေကို ပိုဂရုစိုက်တတ်တဲ့ ဖွား............မြေးတွေနေမကောင်းရင် အပြေးလာတတ်တာ ဖွား အကျင့်
......ဖွား နေမကောင်းရင် ဘယ်မြေးမှမလာနိုင်ပေမယ့်.......အပြစ်မမြင်ပဲ မလာပါနဲ့ ရပါတယ်လို့ပြောတတ်တဲ့ ဖွား......၂၀ ကျော်အရွယ်မြေးက ဆေးရုံတက်တော့ ၇၀ ကျော် ဖွား ကလာပြီးစောင့်ရှောက်ပေးခဲ့တာ........မိုင် ၁၀၀ ကျော်ဝေးတဲ့နေရာကနေ ချက်ချင်းလိုက်လာတဲ့ ဖွား ရဲ့စိတ်ပူတတ်မှု........ကိုယ်တိုင်နေမကောင်းတာကို အလေးမထားပဲ မြေးကိုပိုပြီးဂရုစိုက်ခဲ့တာ.....တစ်နိုင်ငံထဲနေရာကနေ မိုင်ထောင်ပေါင်းများစွာဝေးတဲ့ နေရာကိုသွားရတော့မယ်ဆိုတော့ ဖွား ရဲ့ညှိုးငယ်နေတဲ့မျက်နှာကို ဘယ်တော့မှ မျက်စိထဲက မထွက်ပါဘူး ဖွား ရယ်..........မြေးတွေနဲ့ မခွဲချင်ပေမယ့် မြေးတွေရဲ့ရှေ့ရေးအတွက် ကြိုးစားနော်လို့ အားပေးတတ်တဲ့ ဖွား........မြေတို့ကိုလွမ်းလို့ ဖွား ငိုနေတယ်လို့ ကြားရင်မြေးတို့လဲ ဖွား ကိုလွမ်းလို့ ငိုရတာပါပဲ ဖွား ရယ်...........ဖုန်းဆက်လို့ ဖွား နဲ့စကားပြောလိုက်ရရင် စိတ်ထဲမှာအရမ်းကို အေးချမ်းတယ်......ငါ့မြေးကြိုးစားနော် ဖွား ကမြေးတို့နဲ့ အကြာကြီးနေအုန်းမှာ လို့ပြောပြောတတ်တဲ့ ဖွား...........ဖုန်းဆက်လို့ မြေး ၂ ယောက်အသံမကြားရင် ငါ့မြေးတွေကော ပြန်ရောက်ပြီလားလို့ အမြဲမေးတဲ့ ဖွား.......မြေးတွေနဲ့ စကားလေးပြောလိုက်ရမှ စိတ်ကျေနပ်တဲ့ ဖွား......၇၇ နှစ်ကျော်နေတဲ့ ဖွား က ၅၀ ကျော်ပဲရှိတဲ့ မြေးတို့အမေကို ဂရုစိုက်နော်လို့မှာပြီး..........ငါ့မြေးတွေလဲ ဂရုစိုက်ကြနော်လို့မှာတတ်တယ်..............ဖွား နေကောင်းအောင်နေနော်လို့ပြောရင်
ဖွား ကကောင်းပြီးသား စိတ်မပူနဲ့နော်လို့ နေမကောင်းတဲ့ကြားက ရယ်ရယ်မောမော ပြန်ပြောတဲ့ ဖွား............ဖွား ရဲ့မေတ္တာကြီးမားတာကို ဘယ်အရာနဲ့မှ နှိုင်းလို့မရပါဘူး.........ဖွား နဲ့ဝေးတဲ့နေရာမှာ နေနေရပေမယ့် စိတ်ကတော့ ဖွား ဆီမှာပါပဲ..........ဖွား ကမြေးရဲ့လေးစားရတဲ့ အရမ်းကိုချစ်ရတဲ့ သူပါ ဖွား ရယ်.........


(မြေးအရမ်းချစ်ရတဲ့ ဖွားဖွား ကိုလွမ်းလို့)

No comments:

နောက်လဲလာလည်နော်

Glitter Graphics