Tuesday 8 January 2008

အဲလိုကို ချစ်တာ


ချစ်သူ

ကိုယ်တစ်ကယ်ခံစားပြီး ပြောတာပါ
ပန်းကန်ပြားနဲ့ ........

မင်းရဲ့ဆိတ်ကြောင့်
ကိုယ့်ခြံထဲက မြက်တွေလဲကုန်ပြီ.......

မင်းကို ကိုယ်အသဲ ပေးချင်ပေမယ့်
ပန်းကန်ထဲမှာ ခေါက်ဆွဲပဲကျန်တယ်...........

မင်းကြောင့် ကြေကွဲရတာ
အိမ်က ပန်းကန်တွေလဲ ကုန်ပြီ..........

မင်းကို ချစ်ချင်ပေမယ့်
အုန်းသီးကဈေးကြီးနေလို့...........

အားလုံးကို ခြုံကြည့်ရင်
ဂုန်နီအိတ်က နွေးပါတယ်....


2 comments:

lwansay said...

ဒီကဗျာလေးက ရိုးရိုးလေးနဲ့ အဓိပ္ပာယ်တစ်မျိုးလေးပဲ။
ကဗျာလေးတွေကို ကျနော်ကကြိုက်တယ်။အားလည်း
ပေးတယ်။အဆင်ပြေပါစေဗျာ။

ဒီဇင်ဘာနှင်း said...

ကျေးဇူးတင်ပါတယ်။ ဆက်လက်ကြိုးစားနေပါတယ်။

နောက်လဲလာလည်နော်

Glitter Graphics