Wednesday 9 January 2008

ပြောရဦးမယ်




လူတိုင်းတစ်ခါတစ်လေပြောဘူးတဲ့ စကားလေးတစ်ခွန်းကို သတိရလို့စဉ်းစားနေတာ။
“ဘုရားမကြိုက် နတ်မကြိုက်တဲ့အလုပ် မလုပ်ကြနဲ့” လို့အပြောခံရရင် စိတ်တိုတယ်သိလား။ ဒါပေမယ့် သေချာစဉ်းစားရင် ပြောတာမှန်တယ် သိလား။
ဟုတ်တယ်လေ။ ဘုရား နဲ့ နတ်မကြိုက်တာကိုပဲ မလုပ်ဖို့ပြောတာလေ။ ကိုယ်ကြိုက်တာလုပ်လို့ရတယ်ဆိုတဲ့ သဘောပေါ့နော်။ အဲလိုစဉ်းစားမိတော့ စိတ်ဆိုးတော့ဘူး။

ယောကျာ်လေးတွအချင်းချင်းပြောနေကြတာရှိပါတယ်။ ဒီတစ်ယောက်ကတော့ မ ယ က ပါကွာ ဆိုပြီးပြောတတ်ကြတယ်။ အဲဒါက မ ယ က မဟုတ်ဘူးနော်။ မသိရင်မှတ်ထား မ ယ ခ လို့ခေါ်တယ်။“ မယားချစ်” သိလား ။ ချစ်လို့ဘာပြောပြောခေါင်းညိတ်တာ။ ချစ်လို့လုပ်ပေးတာ။ ဘယ်သူတွေဘာပြောပြော ဂရုမစိုက်နဲ့နော်။ အရမ်းချစ်တတ် တယ်ဆိုပြီးဂုဏ်ယူရမှာ။

အမျိုးသားတွေက အိမ်အလုပ်တွေကို ကူလုပ်ပေးရရင် စိတ်တိုကြတယ်။ သေချာမစဉ်းစားလို့ပါ။ အမျိုးသမီးတွေက သူတို့ရထားတဲ့ အခွင့်အရေးတွေကို အဆုံးရှုံးခံပြီး အမျိုးသားတွေကို ပေးလိုက်ရတာ။ ထမင်းဟင်းချက်တာပဲ ဖြစ်ဖြစ်၊ အ၀တ်လျှော်တာပဲဖြစ်ဖြစ် အိမ်မှုကိစ္စတွေကို လုပ်ရတာက သူတို့ရဲ့အခွင့်အရေးလေ။ အဲဒီအခွင့်အရေးတွေကို လက်လွတ်အဆုံးရှုံးခံ လိုက်ရတာ။ အမျိုးသမီးတွေက သနားဖို့တောင်ကောင်းသေးတယ်နော်။


No comments:

နောက်လဲလာလည်နော်

Glitter Graphics