Sunday 27 January 2008


လူတစ်ဦးတစ်ယောက်က ကိုယ့်အပေါ်မကောင်းလို့ကိုယ်က စိတ်ဒုက္ခခံစားရရင် နောက်ကြုံလာမယ့် လူတွေအပေါ်မှာအဆိုးမြင်တဲ့စိတ်ကူးမျိုးတွေ ဖြစ်တတ်ပါတယ်။ ကိုယ့်ကို စိတ်ဒုက္ခရောက်အောင် လုပ်တဲ့လူကတစ်ယောက်ပါ။ ဘာမှမဆိုင်တဲ့ တစ်ခြားလူတွေအပေါ်မှာ အဆိုးမြင်တဲ့ စိတ်တွေကိုမထားသင့်ပါဘူး။ တစ်ကယ်လို့များအဲဒီလို စိတ်နဲ့ကြည့်မယ် ဆက်ဆံမယ်ဆိုရင် ဘာမှမသိတဲ့ ကိုယ့်ကိုလဲဘာမှမလုပ်တဲ့ လူတစ်ယောက်အပေါ်မှာ မတရားရာကျပါတယ်။ ကိုယ့်ကိုအဲဒီလိုအမြင်နဲ့ ကြည့်မယ်ဆိုရင် လက်ခံနိုင်ပါ့မလား? ငါကအဲဒီလိုလူမျိုးမှ မဟုတ်တာ ဘာလို့ငါ့ကိုဒီလိုအမြင် ဒီလိုဆက်ဆံရတာလဲဆိုတဲ့ အတွေးတွေနဲ့အတူ စိတ်မကောင်းဖြစ်မိမှာပါ။ နောက်တစ်ခုက ယောကျာင်္းလေးတွေက မိန်းကလေးတစ်ယောက် သူတို့ကို အသဲခွဲခဲ့ရင် အဲဒီယောကျာင်္လေးက တစ်ခြားမိန်းကလေးတွေကိုအသဲခွဲမယ်ဆိုတဲ့ စိတ်ကူးတွေတစ်ခါတစ်လေ ဖြစ်တတ်ပါတယ်။ မိန်းကလေးတွေကလဲအတူတူပါပဲ။ နှင်း အထင်ပြောရရင်တော့ အဲဒီလိုစိတ်တွေ အဲဒီလိုအတွေးတွေကို မထားသင့်ပါဘူး။ တစ်ကယ်ကို မကျေနပ်ရင် ကိုယ့်ကို လုပ်ခဲ့တဲ့လူကိုပဲ အဲဒီစိတ်တွေထားသင့်တယ်လို့ထင်တယ်။ မကျေနပ်ရင် အဲဒီလူနဲ့ပဲရှင်းပါ။ ဘာမှမဆိုင်တဲ့သူတွေကို မထိခိုက်သင့်ပါဘူး။ အဲဒီလိုစိတ်တွေသာ တစ်ယောက်နဲ့တစ်ယောက်ထားနေမယ်ဆိုရင် ဘ၀မှာ အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေရမယ့်အချိန်တွေထဲကနေ အချိန်တစ်ချို့ကို စိတ်ရှုပ်မှုတွေ စိတ်ညစ်စရာတွေအတွက် ပေးလိုက်ရမှာ နှမျောဖို့ကောင်းပါတယ်။ ဖြစ်ချိန်တန်လို့ဖြစ်တာပဲဆိုတဲ့ စိတ်ကလေးနဲ့ဖြေလိုက်ရအောင်နော်။

(နှင်းရဲ့ မိတ်ဆွေတစ်ချို့ဖြစ်နေတာလေးတွေကို ကြည့်ပြီးရေးလိုက်မိတာပါ။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေတဲ့စိတ်မရှိပါဘူး။)

No comments:

နောက်လဲလာလည်နော်

Glitter Graphics