သေသောသူ ကြာရင်မေ့ လို့ လူတွေက အလွယ်တကူပြောနေကြပေမယ့် တကယ်တော့ မမေ့နိုင်ကြပါဘူး။ ကိုယ်ချစ်ခင်တဲ့ မိဘဆွေမျိုး မိတ်ဆွေတွေ သေဆုံးသွားပြီးရင်တောင် မမေ့ကြပါဘူး။ တစ်ရက်မှ မေ့မရပါဘူးဆိုတဲ့ စကားလုံးမျိုးနဲ့လဲ မပြောချင်ပါဘူး။ ဒါပေမယ့် တိုက်ဆိုင်မှုတွေရှိတဲ့အခါ သူတို့တွေရဲ့ အကြောင်းကို သတိတရ ပြန်ပြောကြပါတယ်။ကောင်းရင်လဲ သူဘယ်လိုကောင်းကြောင်းကို ပြောကြပါတယ်။ ဆိုးရင်လဲ ဘယ်လိုဆိုးခဲ့တယ်ဆိုတာတွေကို ပြန်ပြောကြရင်း မမေ့ကြပါဘူး။
ပျောက်သောသူ ရှာရင်တွေ့ လို့ပြောကြတာကို လူတိုင်းကြားဘူးကြပါတယ်။ တစ်စုံတစ်ခုသော အကြောင်းကြောင့် တွေ့ချင် မြင်ချင်ပါလျှက် ကိုယ်မသိလိုက်ခင် ဘယ်ရောက်သွားမှန်း ဘယ်ကိုပြောင်းသွားမှန်း မသိလိုက်တာမျိုးတွေကို လူတိုင်းဘ၀မှာ ကြုံဘူးကြပါတယ်။ ဒါပေမယ့် ကိုယ်ကတွေ့ချင်ရင် တွေ့အောင်ရှာလို့ရပါတယ်။ အချိန်အတိုင်းအတာ တစ်ခုအထိစောင့်ရမယ်ဆိုတာတော့သိပါတယ်။ နောက်ဆုံးတွေ့ကြရတာပါပဲ။
တစ်စုံတစ်ခုကြောင့် မပြောမဆိုနဲ့ပျောက်သွားတာလဲမဟုတ်၊ အဆက်အသွယ် ခက်ခဲလို့ ဘယ်လိုမှဆက်သွယ်မရလို့ လဲမဟုတ်ပဲနဲ့ မတွေချင်လို့တမင်ပုန်းရှောင်နေတဲ့ လူကို တွေအောင် ဘယ်လိုမျိုးများရှာရမလဲဟင်..............

1 comment:
'nose'naet anant khan pyi shar mal
Post a Comment