လူတစ်ဦးတစ်ယောက်ရဲ့ အမူအရာဟာ အရေးကြီးတယ်ဆိုတာ ကိုယ်တိုင်ကြုံပြီးမှ ပိုသိလာတယ်။ ကိုယ်ကခံစားရသမျှကို မိတ်ဆွေကို ပြောပြတဲ့အခါ နားထောင်ပေးတဲ့ မိတ်ဆွေဟာ စိတ်ဝင်တစားနဲ့ နားထောင်နေမယ်ဆိုရင် ပြောနေရတဲ့သူကလဲ နားထောင်ပေးနေတဲ့ မိတ်ဆွေကို ကျေးဇူးတွေ တင်နေမိမှာပါ။ ကိုယ်ကတော့ စိတ်ထဲကအကြောင်းတွေကို အားကိုးတကြီး ပြောပြနေပေမယ့် မိတ်ဆွေလုပ်သူဟာ ဘာကိုမှ အရေးမကြီးသလို ပုံစံအမူအရာ လုပ်နေမယ်ဆိုရင် ပြောနေတဲ့လူဟာ ဘယ်လိုမျိုးခံစားရမလဲ။ လူတစ်ယောက်ဟာ သူ့ရင်ထဲကအကြောင်းကို ပြောပြတယ်ဆိုတာ သူတကယ်ကို ရင်ထဲမှာ မခံစားနိုင်လို့ ဖွင့်ပြောပြတာပါ။ သင်သာ ပြောနေတဲ့လူနေရာမှာဆိုရင် ဘယ်လိုခံစားရမလဲ။သင်ဟာ မိမိမိတ်ဆွေရဲ့ ရင်ဖွင့်ဖော်ကောင်းတစ်ယောက် ဖြစ်တယ်ဆိုရင် သူ့နေရာမှာ ခဏလောက် ၀င်ခံစားပြီး နားထောင်ပေးနိုင်မယ်ဆိုရင်တော့ အရမ်းကိုကောင်းမှာပါ။
( လူတယောက်ကို ရင်ထဲကအကြောင်းကို ပြောပြတုန်းခံစားရတာလေးကို ရေးမိတာပါ။)

No comments:
Post a Comment