Tuesday 18 August 2009

အမြန်လမ်းမကြီး

ရန်ကုန်ကနေ နယ်ကမြို့လေးကို အသွားမှာတော့ ရန်ကုန်အထွက်နားမှာ လေယာဉ်ပေါ်ကနေ တွေ့ရတဲ့ ဖြောင့်နေတဲ့ လမ်းကြောင်းကြီးကို တွေ့ရပြီး မသိလို့ မေးကြည့်တော့ ရန်ကုန် မန္တလေး အမြန်လမ်းမကြီးလို့ သိရပါတယ်။ လမ်းကို ကွန်ကရစ်နဲ့ဆောက်ထားတားဖြစ်ပြီး ရန်ကုန်ကနေ မန္တလေးကို အချိန်တိုတိုနဲ့ ရောက်နိုင်တယ်လို့ သိရသလို ကားတွေကလည်း အရမ်းမောင်းလို့ မတော်တဆမှုတွေကြောင့် သေကြတယ်လို့လဲ ပြောပြပါတယ်။ ကွန်ကရစ်လမ်းဖြစ်လို့ ကားဘီးတာယာကတော့ တော်တော်စားတယ်လို့လဲ သိရပါတယ်။ လမ်းဘေးဝဲယာ ၃ မိုင်အတွင်း တောတွေရှင်းထားသလို လမ်းပေါ်ကို အနှေးယာဉ်တွေ ဖြတ်မောင်းလို့မရဘူးလို့လဲ ကန့်သတ်ထားပါတယ်တဲ့။ အမြန်လမ်းဆိုတဲ့အတိုင်း ကားကို သတ်မှတ်ထားတဲ့ အမြန်နှုန်းထက် လျော့မောင်းလို့ မရဘူးလို့လဲ ပြောနေကြပါတယ်။ အရင်ပုံမှန် လမ်းဟောင်းကနေ အမြန်လမ်းကို သွားဖို့အတွက် ၂ မြို့ ၃ မြို့ကြားမှာ ဖြတ်ဝင်တဲ့ လမ်းတွေကိုလဲ ဖောက်ပေးထားလို့ နယ်မှာနေတဲ့လူတွေလဲ အမြန်လမ်းကို အသုံးပြုလို့ရပါတယ်။ ပြန်သွားပြီး သိပ်မကြာပါဘူး။ အမြန်လမ်းမှာ ကားမှောက်တဲ့ သတင်းတွေကို မကြာခဏကြားရပါတယ်။ ဖြစ်လိုက်ရင်လဲ သေကြတာများပါတယ်။ မိသားစုတွေ အမြန်ရောက်ချင်လို့ သွားရာကနေ အရှိန်မထိမ်းနိုင်ပဲ မှောက်ကြတာဖြစ်ပါတယ်။ နောက်ဆိုရင် လမ်းမှာနားဖို့အတွက် အနားယူစခန်းတွေ ဆောက်နေတယ်လို့လဲ ပြောပြပါတယ်။ အမြန်လမ်းကနေမောင်းမယ်ဆိုရင် ဘယ်သူ့ကားဖြစ်ပါစေ toll gate မှာအခွန်ဆောင်ရပါတယ်တဲ့။ အခုအသစ်ဖွင့်ခါစဆိုတော့ လမ်းမှာဘာမှ မရှိတဲ့အတွက် ကားတခုခုဖြစ်ရင် တော်တော်ဒုက္ခရောက်တယ်လို့လဲ ကိုယ်တွေ့ကြုံရတဲ့ အိမ်ကဦးလေးက ပြောပြပါတယ်။ လူတွေကတော့ ကားကောင်းမှပဲ အမြန်လမ်းကသွားကြတာ ကောင်းတယ်လို့ မြင်နေကြပါတယ်။

1 comment:

Yu Ya said...

ဟုတ်တယ်မနှင်းရေ... အမြန်လမ်းမကြီးကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ကျွန်တော်သွားဖူးတယ်.. သစ်ကွင်းတစ်ခုကိုသွားတာ လမ်းကတော့ တ၀က်ပဲဖွင့်ထားသေးတယ်။ ညောင်လေးပင်နားမှာ မပြီးသေးဘူး။ ကားမောင်းကျွမ်းကျင်ပြီး ကားကောင်းမှ သွားသင့်တဲ့ လမ်းတစ်ခုပါ။ မောင်းတတ်ခါစ ကလေးတွေကတော့ အရမ်းမောင်းကြမှာ သေချာပါတယ်။

နောက်ပြီး ကားကို စနစ်တကျ မမောင်းတတ်တဲ့သူတွေ မသွားသင့်ဘူးဗျ.။ အရမ်းများတဲ့ အရှိန်ကို ဘယ်လို ထိန်းရမလဲဆိုတာ သူတို့ နားမလည်ကြရင် မှောက်ဖို့ ၁၀၀% ပဲ။ ကိုယ့်ဖာသာကိုယ် ယုံကြည်မှုရှိမှသာ လောလောဆယ် သွားသင့်တဲ့ လမ်းမကြီးအဖြစ် ကျွန်တော်ကတော့ ယူဆမိပါတယ်။

yu ya

yu ya

နောက်လဲလာလည်နော်

Glitter Graphics