Saturday 22 August 2009

လူတမျိုး

လူ့စိတ်ဆိုတာ တဦးနဲ့တဦးမတူကြပါဘူး။ လူတကိုယ် စိတ်တမျိုးရယ်လို့ ပြောတတ်ကြတဲ့အတိုင်း စိတ်အမျိုးမျိုးရှိကြပါတယ်။ အဲဒီထဲကမှ နှင်းတွေ့ဘူးတဲ့ လူတမျိုးကတော့ တော်တော်ကို စိတ်ကသိကအောက် ဖြစ်စရာကောင်းနေပါတယ်။ သူရဲ့စိတ်ဓါတ်က မကောင်းလို့မဟုတ်ဘူးနော်။ စိတ်ဓါတ်က သဘောကောင်းပါတယ်။ သူတပါးကို သနားတတ်သလို အလှူအတန်းလဲ လုပ်တတ်ပါတယ်။ ဘာသာရေးလဲ လုပ်ပါတယ်။ ဘုရားတရားကိုလည်း အရမ်းယုံကြည်တယ်။ ဒါပေမယ့် အကြောင်းအရာတခုခုကို ပြောလိုက်ရင်လဲ အငြင်းအခုန်လေးဖြစ်သွားအောင် ပြောတတ်ပါတယ်။ သူပြောဆိုနေတာလေးတွေ လုပ်နေတာလေးတွေ အမြင်မတော်လို့ သတိပေးမိပြန်ရင်လည်း သတိပေးတဲ့လူကို ကပ်သပ်ပြီး ပြန်လည်ချေပ ငြင်းဆိုတတ်ပြန်တယ်။ လူတကာအပေါ်မှာတော့ စေတနာနဲ့ သတိပေးတာ သိရဲ့လား ဆိုတဲ့စကားလုံးတွေနဲ့ တဖက်လူအနေခက်အောင်လည်း လိုက်ပြောတတ်ပြန်တယ်။ ဘာသာတရားကို ရိုသေကိုင်းရှိုင်းတယ်လို့ ဆိုပေမယ့် လက်ရှိစိတ်ထားလေးကိုတော့ သူတကယ်မပြင်နိုင်သေးပဲ ဖြစ်နေပါတယ်။ ဘာမဟုတ်တာလေးတွေကအစ လိုက်ပြောနေတတ်တော့ ဘေးလူတွေ တော်တော် ကသိကအောက်ဖြစ်ရပါတယ်။ သူဖြစ်ချင်တာကို လုပ်လိုက်ရရင် ကျေနပ်နေတတ်ပြီး တဖက်သားဖြစ်ချင်တာကို လုပ်လိုက်လို့ သူမကြိုက်ပြန်ရင်လည်း အပြစ်ကြီးတခုလိုမျိုး တတွတ်တွတ်ပြောနေတတ်ပြန်တယ်။ တကယ်ပါ ကတ်သီကတ်သတ်ပြောတတ်ပြီး တခုခုဆိုရင် ဘာသာရေးအမြင်တွေနဲ့ လိုက်ပြောနေတော့ လူ့ဘ၀မှာ နေရတာတောင် တော်တော်ကြောက်ဖို့ကောင်းလာတယ်လို့ ကိုယ့်ကိုကိုယ် ထင်လာမိတယ်။ ကဲ အဲလိုလူမျိုးနားမှာ ဘယ်လိုမျိုးလေး နေရင်အကောင်းဆုံးဖြစ်မလဲလို့ စဉ်းစားနေမိပါတယ်။

3 comments:

Yu Ya said...

မနှင်းရေ... အဲဒီလိုလူတစ်မျိုးနားမှာ နေမယ်ဆိုရင် သူထက်သာနေဖို့ လိုမယ်ဗျ.။ ဆိုလိုတာက အသိပညာပိုင်းဆိုင်ရာကို ပြောတာပါ။ ငြင်းတယ်ဆိုတာ သူသိတာကို ပြောတာပါ။ မှန်တယ် မှားတယ်ဆိုတာကို ၁၀၀% မသေချာပဲ သိထားတာလေးတစ်ခုကို လက်ကိုင်ထားပြီး မျက်စိ စုံမှိတ်ပြောနေတာကို ခေါ်တာပါ။ ဒါကြောင့် ငြင်းတတ်တဲ့လူမျိုးတွေနဲ့ စကားပြောရင် ကိုယ်မှာ ဗဟုသုတ ကြွယ်ဝနေဖို့လိုပါတယ်။ မဟုတ်ရင်တော့ ဝေါင်ဝေါင်ရှေးဗျို့ ။

yu ya

မေဇင် said...

မနှင်း ရေ... နောင့် လဲ အဲ့လို လူမျိုးနဲ့ ကြုံဖူးပါတယ်...နောင့် မှာ ပြိုင်ငြင်းနိုင်တဲ့ ဗဟုသုတ လဲ မရှိတော့... ဒီလိုပဲ အလျှော့ပေး ပြီး နေလိုက်တော့ ပြီးသွားတာပါပဲ...း))

Anonymous said...

တို့လည်း ကြုံဖူးတယ်..စစချင်း အေးအေးရော ပြိုင်မပြောပဲ နေလိုက်တော့ အလျှော့ပေးသလိုဖြစ်ပြီး နေရာတကာ သူကပဲဆရာလုပ်ချင်တယ်။ ကြာလာတဲ့တနေ့ (၂ နှစ်လောက်ကြာမှပါ) တော်တော်လွန်လာတော့ အမြင်ကပ်ကပ်နဲ့ သူ့လိုပဲ ပြန်ငြင်းရော။ ရန်ဖြစ်တဲ့အဆင့်ရောက်ပြီး ခုလုံးဝအဆက်အသွယ် မရှိတော့ဘူး။ အဲဒါပဲအေးတယ်။ ခုဆို ဘယ်သူနဲ့ဖြစ်ဖြစ် သတိထားတယ်။ အမြဲအလျှော့ပေးသမား မဖြစ်ရအောင်လေ။ ကိုယ်ကစမပြောဘူး။ လာဆရာလုပ်လဲ မခံတော့ဘူး။

နောက်လဲလာလည်နော်

Glitter Graphics