Sunday 16 August 2009

အမြဲတမ်းမဖွင့်တဲ့ တံခါး

အမြဲတမ်းမဖွင့်တဲ့ တံခါးဆိုလို့ အိမ်တံခါးလား ခြံတံခါးလားဆိုပြီး ထင်နေကြမယ်။ တကယ်တော့ နှင်းတို့ နယ်မြို့လေးမှာရှိတဲ့ မီးရထား ဂုံးတံခါးကိုပြောတာပါ။ အိမ်က မီးရထားဂုံးနဲ့ဆိုရင် ခြံနှစ်ခြံကျော်လောက်ပဲဝေးပါတယ်။Justify Fullရန်ကုန်-မန္တလေး ကားလမ်းဘေး ဖြစ်လို့ ဂုံးတံခါး ပိတ်လိုက်တယ်ဆိုရင်ပဲ ရန်ကုန်ကလာတဲ့ ခရီးသွားကားတွေအကုန် အိမ်ရှေ့မှာ တန်းစီပြီးရပ်နေရပါတယ်။ ဂုံးတံခါးပိတ်တဲ့ ၀န်ထမ်းတွေက အလွန်ဝီရိယကောင်းတာ တွေ့ရပါတယ်။ ရထားက ဒီဂုံးနားကို ရောက်ဖို့ ဘယ်နှစ်မိုင်တောင် လိုသေးလဲဆိုတာ မသိပေမယ့် သူတို့က ဂုံးကိုကြိုပိတ်ထားလိုက်တာ တခါတလေ အိမ်ရှေ့မှာ ကားတန်းကြီးက တမျှော်တခေါ်ဖြစ်သွားပါတယ်။ ကားတင်လားဆိုတော့ ဆိုင်ကယ်တွေ စက်ဘီးတွေ အကုန်လုံး ဘယ်လိုမှမသွားနိုင်တော့ပဲ ပိတ်ကုန်ပါတော့တယ်။အနည်းဆုံးက ၁၅ မိနစ်လောက်စောင့်ရပါတယ်။ ဟိုဘက်ဒီဘက် အကုန်ပိတ်ကုန်တော့ ဂုံးတံခါးစဖွင့်တာနဲ့ သူ့ထက်ငါအရင် သွားချင်ကြတော့ လမ်းမှာအကုန် ရှုတ်ရှပ်ခတ်ကုန်ပါတော့တယ်။ နယ်မြို့ဖြစ်တဲ့အပြင် ကားလမ်းကလည်း ကျဉ်းတော့ အကုန်ဆူညံကုန်ပါတယ်။ ဒါက နေ့စဉ်တွေ့နေရတဲ့ အဖြစ်တခုပါပဲ။

အဒေါ်ကို နှင်းတို့အိမ် လာလည်ဖို့ပြောရင် ဂုံးပိတ်မှာကြောက်လို့ မလာချင်ပါဘူး ဆိုပြီးအမြဲပြောပါတယ်။ အိမ်ရောက်ခါနီးမှ ဂုံးဟိုဘက်မှာပိတ်မိပြီဆိုရင် တော်တော်စိတ်ညစ်ရပါတယ်။ တခါကလည်း အရေးကြီးလို့ ဖြတ်မိတဲ့လူတယောက်ကို လုံခြုံရေးက ဆူပူကြိမ်းမောင်းတာလည်း တွေ့ရပါတယ်။ ဘယ်ရထားမှ မလာပဲနဲ့လဲ ဂုံးတံခါးတဖက်ကို ပိတ်ထားတတ်ပါသေးတယ်။ အဲ တခါတလကျရင်တော့ express ကားတွေက ဂိတ်စောင့်တွေကို လက်ဖက်ရည်ဖိုးပေးလိုက်ရင် အဲဒီကားကို ပေးဖြတ်လိုက်ပြီး ပြန်ပိတ်တာတွေလည်း တွေ့ရပါတယ်။ ဒီလမ်းက ရန်ကုန်-မန္တလေး လမ်းမကြီးဖြစ်တဲ့အတွက် အခုလိုအကြာကြီးပိတ်ထားတော့ ခရီးသွားတွေ အချိန်အလကားကုန်တယ်လို့ ထင်မိပါတယ်။ ဒါပေမယ့်လည်း သူတို့က တာဝန်ထမ်းဆောင်နေတယ်ဆိုတော့ ဘယ်သူကမှ ဘာမှ မပြောရဲကြပဲ ဒီလိုပဲစိတ်ရှည်သည်းခံခဲ့ရတာ ကိုယ်လည်းအပါဝင်ပါပဲ။

1 comment:

Yu Ya said...

မနှင်းရေ... ဘယ်မြို့ ကလည်းဗျ.. ကျွန်တော်ဆို ခရီးသွားရင်နဲ့ အဲဒီ ဒုက္ခကို အမြဲကြုံနေကျ.. အများအားဖြင့် ကျောက်တံခါးနဲ့ ညောင်လေးပင် တွေမှာ အဖြစ်များတယ်ဗျ။ အခုတော့ လမ်းအသစ်ဖွင့်လိုက်ပြီဆိုတော့ အဲဒီ ဒုက္ခကနေ ကင်းသွားကြပြီ ထင်ပါတယ်။

yu ya

နောက်လဲလာလည်နော်

Glitter Graphics