Tuesday 18 August 2009

မွေးနေ့လက်ဆောင်


ဒီနှစ်အတွက် ပထမဆုံးရတာက နှင်းသိပ်ချစ်ရတဲ့ အန်တီပေးတဲ့ မွေးနေ့လက်ဆောင်
(ဘဲရုပ်ကြီးကို ဖက်အိပ်လိုက်ရင် ဖက်လုံးမလိုတော့ဘူး)


ဒီနှစ်မွေးနေ့မှာ ဘာမှ ထူထူခြားခြား မလုပ်ဖြစ်ပေမယ့် ကျေနပ်ပါတယ်။ မနက်ခင်း မိုးလင်းတိုင်း အလုပ်မသွားခင် ဘုရားရှစ်ခိုးနေကျအတိုင်း ရှစ်ခိုးပြီး မိဘနှစ်ပါးကို ကန်တော့ပါတယ်။ ပြီးတော့ အလုပ်မှာရှိတဲ့ ဆရာ့အတွက် မွေးနေ့အမှတ်တရ ကိတ်မုန့်တွေနဲ့ အအေးဝယ်ပြီး ဆရာ့ကို ကျွေးဖြစ်ပါတယ်။ ဆရာကဆုတွေပေးတာကို ကျေနပ်စွာနဲ့ပဲ ပေးတဲ့ဆုနဲ့ပြည့်ရပါစေလို့ ဆုတောင်းမိပါတယ်။ ညဘက်ရောက်တော့ မာမားနဲ့ ပါပါးဆီကို ဖုန်းခေါ်ပါတယ်။ မာမားကပြောပြတယ်။ သမီးမွေးနေ့အတွက် ဘုန်းကြီးကျောင်းကို ပိုက်ဆံလှူပေးထားတယ်။ ရပ်ကွက်ထဲက ဆွမ်းလောင်းအသင်းမှာလဲ လှူပေးထားတယ်တဲ့ အနားမှာမရှိပေမယ့် သားသမီးရဲ့မွေးနေ့မှာ မိဘရဲ့မေတ္တာကို ခံစားရပါတယ်။ မွေးနေ့အတွက် ဖွားဖွားသုံးချင်ရာသုံးဖို့ ပိုက်ဆံကန်တော့ပေးဖို့ မာမားကို ပြောလိုက်သလို နှင်းကိုချစ်တဲ့ အဒေါ်၂ ယောက်ကိုလဲ ကန်တော့ပေးဖို့ ပြောဖြစ်ပါတယ်။ ဖုန်းပြောနေတုန်း ပါပါးပြန်လာလို့ ပါပါးနဲ့ ပြောရပါတယ်။ ဘာမှစိတ်မပူပါနဲ့တဲ့ ကိုယ့်ကိုကိုယ်ပဲ စိတ်ချမ်းသာအောင်နေပါတဲ့။ တခါမှ မခွဲဘူးလို့ နှင်းဘယ်လိုဖြစ်နေတယ်ဆိုတာ မိဘတွေက သိနေကြတယ်။ မငိုမိအောင် မနည်းထိန်းပြီး စကားပြောရတယ်။ ငိုသံကြားရင် မိဘတွေ စိတ်ဆင်းရဲမှာကို ကြောက်လို့ပါ။ မိဘတွေနဲ့ ပြောပြီးတော့ နှင်းရဲ့ အစ်ကိုနဲ့ ဖုန်းပြောဖြစ်ပါတယ်။ ခုဏက ဟန်ဆောင်ထားသမျှ အစ်ကိုရှေ့မှာတော့ ငိုမိပါတယ်။ မငိုဖို့တားပေမယ့် ဘယ်လိုမှ မနေနိုင်တော့ပါဘူး။ အခုလို မွေးနေ့မှာ နှင်းအတွက် မိသားစုကပေးတဲ့ နွေးထွေးတဲ့ မေတ္တာနဲ့ လက်ဆောင်ကို ရခဲ့တဲ့အတွက် ကျေနပ်မိသလို မိဘနှစ်ပါးနဲ့ ဖွားဖွားအပြင် နှင်းရဲ့အစ်ကိုကိုပါ ကျေးဇူးတင်မိတယ်။


2 comments:

Unknown said...

နှင်းလေးရေ...

မွေးနေ့ကို မမှီလိုက်ပေမယ့် ဆုတောင်းပေးမယ်နော်...
ှဆန္ဒနဲ့ဘ၀ တထပ်တည်းကျပါစေ...

မိသားစုနဲ့လည်း နောင်ဘယ်တော့မှ အဝေးကြီးမှာ ခွဲပြီးမနေရပါစေနဲ့လို့ အခုခွဲခွာတယ်ဆိုတာလည်း ခဏတာပါလေ....
အဝေးရောက်သူချင်းအတူတူဆိုတော့ ကိုယ်ချင်းစာမိပါတယ်

လိုအင်ဆန္ဒတွေ အားလုံးပြည့်ဝပါစေဗျာ...

အရင်းနှီးဆုံးသူငယ်ချင်း
ပြည့်စုံ (ဝေါသားလေး)

Yu Ya said...

မနှင်းရေ..ကျွန်တော် မဟေသီက အရုပ်ပူဆာနေပြီဗျို့ ..။ မနှင်းဆီက အတင်းလာလုပေးရမလိုဖြစ်နေပြီ..အဟီး။ လုံအောင် သိမ်းထားပေတော့..

yu ya

နောက်လဲလာလည်နော်

Glitter Graphics