Sunday 16 August 2009

ခွင့်လွှတ်ပါနော်

ဒီနေ့ည လူတယောက်အပေါ်မှာ တမင်ဂျီတိုက်သလို ကလေးတယောက်လို ဆိုးမိပါတယ်။ တမင်တကာ ရည်ရွယ်ပြီး ဆိုးတာမဟုတ်ပါဘူး။ စိတ်ထဲမှာ တယောက်ထဲဖြစ်နေပြီး အရမ်းကို အထီးကျန်ဆန်နေတဲ့အချိန်မှာ စိတ်ထဲမှာ ဖြစ်နေတာလေးတွေကို ပြောချင်တာရယ် မတွေ့တာကြာလို့ အရမ်းသတိရပြီး တွေ့ချင်တာရယ်ပေါင်းပြီး အခုလို ဖြစ်သွားရတာပါ။ တဖက်မှာ စာတွေအလုပ်တွေနဲ့ မအားတာရယ် နှင်းဆီမှာ ညရောက်နေပြီး တဖက်မှာကနေ့ဖြစ်နေတဲ့အခါ အချိန်တွေမတူတာရယ်ကြောင့် အခက်အခဲဖြစ်မယ်ဆိုတာကို သိနေပေမယ့် ဇွတ်လုပ်မိလိုက်တယ်။ ကိုယ်သိချင်တာတွေကို အတင်းမေးမိခဲ့တယ်။ နှင်း အပေါ်မှာ နားလည်တယ်လို့ ယူဆမိလို့ အခုလိုတွေ လုပ်ခဲ့မိတာပါ။ တကယ်ဆိုရင်လေ နှင်းကလေးမဆန်သင့်ပါဘူး။ ဒါပေမယ့် ဘယ်လိုမှ စိတ်ကိုမထိန်းနိုင်ခဲ့တာပါ။ နှင်းကြောင့် စိတ်ညစ်နေခဲ့ရရင် ခွင့်လွှတ်ပါနော် လို့ ပြောပါရစေ။

1 comment:

Yu Ya said...

အဲဒီလူက စိတ်မညစ်ပါဘူးတဲ့ မနှင်းရေ... ကျွန်တော်ကို Telepathy နည်းနဲ့ ဆက်သွယ်ပြီး ပြောလာပါတယ်..အဟီး။ စိတ်မကောင်း မဖြစ်နဲ့တော့နော်။

ရွှင်လန်းချမ်းမြေ့ပါစေခင်ဗျာ။

yu ya

နောက်လဲလာလည်နော်

Glitter Graphics