Sunday 23 August 2009

ယိုးဒယား ခေါ် ထိုင်း

နိုင်ငံခြားလို့ ပြောလိုက်တာနဲ့ ပထမဆုံး ရောက်ဖူးတဲ့နိုင်ငံကို ပြောရရင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ပါပဲ။ ထိုင်ဝမ်ကိုမလာခင် အ၀င်ဗီဇာအတွက် ဘန်ကောက်မှာ ၀င်လုပ်ရပါတယ်။ ပထမဆုံး နိုင်ငံခြားခရီးဖြစ်လို့ တော်တော်လေး စိတ်လှုပ်ရှားမိပါတယ်။ နှင်းရယ် မာမားရယ် မောင်လေးရယ် သားအမိ ၃ယောက်သား ဘန်ကောက်ကို ထွက်ခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ် ၁၀ လပိုင်း ၁၆ ရက်နေ့ ညနေ ၄ နာရီလေယာဉ်နဲ့ မြန်မာပြည်ကနေ ထွက်လာခဲ့ပါတယ်။ ဘန်ကောက်လေဆိပ်အဟောင်းကို လေယာဉ်ဆိုဒ်ပါတယ်။ အဲဒီကနေပြီး တည်းခိုမယ့် ဟော်တယ် အလတ်စားလေးကို သွားလိုက်တာ ည ၇ နာရီကျော်မှာရောက်ပါတယ်။ အခန်းယူတာနဲ့ လာကြိုတဲ့လူကို စကားတွေပြောပြီးတာနဲ့ အနီးအနားမှာရှိတဲ့ Top Super market မှာ ဈေးသွားဝယ်ပါတယ်။ ယိုးဒယားအစားအစာတွေအပြင် သစ်သီးအစုံရှိပါတယ်။ အ၀င်အ၀မှာတော့ ရေသန့်စက်ထားပေးထားပြီး ဘယ်သူမဆို သောက်ရေကို လာဝယ်လို့ရပါတယ်။ ထိုင်းဘတ် ၁ ဘတ်ကနေစပြီးထည့်သုံးလို့ရပါတယ်။ လိုတာတွေဝယ် စားသောက်ပြီးတော့ ပထမဆုံးတညကုန်ဆုံးသွားပါတယ်။

နောက်တနေ့မှာတော့ လိုအပ်တာတွေသုံးဖို့ ပိုက်ဆံလဲပါတယ်။ နှင်းတို့တည်းတဲ့ နေရာက ဖရွန်းဖုံ မြို့နယ်လို့ ပြောရမှာပေါ့ စခွန်ဝစ လမ်း ၄၁ လား ၄၂ လားတောင် မမှတ်မိတော့ဘူး။ (ယိုးဒယားအသံတော့ သေချာမထွက်တတ်တော့ သိတဲ့လူရှိရင် ပြင်ပေးခဲ့ပါ။) အဲဒီနေရာမှာ တည်းခိုပါတယ်။ နေတဲ့နေရာအနီးအနားမှာ ဂျပန်တွေလဲ အနေများပါတယ်။ တည်းတဲ့နေရာကနေ ထွက်ပြီး လမ်းကူးလိုက်တာနဲ့ money changer ရှိတဲ့ဘဏ်ကို ရောက်ပါတယ်။ အဲဒီတုန်းက အမေရိကန် ၁ ဒေါ်လာကို ဘတ် ၄၀.၅၀ ရပါတယ်။ ပိုက်ဆံလဲပြီးတော့ လေးမျက်နှာဘုရားကို လိုက်ပို့ပေးလို့ ပထမဦးဆုံးရောက်ဖူးခဲ့ပါတယ်။ ညနေပိုင်းဖြစ်လို့ လူပိုများသလို အနီးအနားမှာလဲ ကုန်တိုက်တွေပတ်လည်ဝိုင်းနေလို့ လူစည်ကားရာနေရာဖြစ်ပါတယ်။ ဘုရားမှာ လာကန်တော့ပြီး ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ထိုင်းလူမျိုးများက ယုံကြည်ကြတယ်လို့ သိရပါတယ်။ သားအမိတွေ ဘုရားကန်တော့ပြီးတော့ အနီးမှာရှိတဲ့ BigC ဆိုတဲ့ ကုန်တိုက်ကို သွားခဲ့ပါတယ်။ အဲဒီကုန်တိုက်မှာ ပစ္စည်းအစုံရှိတဲ့အပြင် ဈေးဝယ်ရတာလဲ သက်သာတယ်လို့ ပြောပါတယ်။ ဘယ်လိုသက်သာလဲဆိုတာတော့မသိပါဘူး။ ဒါပေမယ့် အားလုံးက လိုချင်စရာတွေကြည့်ပါပဲ။ ကုန်တိုက်ရဲ့ မြေညီထပ်မှာလဲ ကိုယ်ပိုင်ဆိုင်ခန်းလေးတွေနဲ့ လိုချင်စရာကြည့်ပဲ။

ဘန်ကောက်မှာ ရှိတဲ့ skytrain ကိုတော့ ကားလမ်းရဲ့အပေါ်ကနေ တည်ဆောက်ထားပါတယ်။ နေ့လည်ဘက်များ ကားနဲ့သွားမယ်ဆိုရင် ကားလမ်းပိတ်လိုက်တာ ၁ ရေးအိပ်လို့ရပါတယ်။ ဘန်ကောက်မြို့ဟာ အရှေ့တောင်အာရှမှာ လမ်းအပိတ်ဆုံးမြို့လို့ ပြောပါတယ်။ ကိုယ်တိုင်ကတော့ ဘာမှမသိလို့ သူများပြောသမျှပဲ သိခဲ့ရပါတယ်။ ဒါကြောင့် အရီးမြန်မြန်တွင်ချင်ရင် ရထားကိုပဲ သုံးကြတယ်လို့ ပြောပြပါတယ်။ နှင်းတို့ကိုယ်တိုင်လဲ ရထားပဲ အစီးများခဲ့ပါတယ်။ ရထားခက ကားခထက် ဈေးပိုကြီးပြီး ခရီးလဲ တွင်ပါတယ်။ တည်းတဲ့နေရာရဲ့ အနီးမှာလဲ ဘုရင်မပန်းခြံလို့ သူတို့ပြောတဲ့ ပန်းခြံတခှုရှိပါတယ်။ ပန်းခြံထဲမှာ ညနေပိုင်းဆိုရင် လူစည်ကားပါတယ်။ အလုပ်ကပြန် အနားလာယူတဲ့သူတွေ လေ့ကျင့်ခန်းလာလုပ်သူတွေ ကလေးလာထိန်းတဲ့သူတွေ အပြေးလာလေ့ကျင့်တဲ့ နိုင်ငံခြားသားတွေ လူမျိုးပေါင်းစုံကို တွေ့ရပါတယ်။ ပန်းခြံရဲ့ ကပ်လျက်မှာတော့ Queen Park Hotel ရှိပါတယ်။ သားအမိ ၃ယောက် ညနေဘက်တွေဆိုရင် ပန်းခြံဘက်ကို လမ်းလျှောက်ထွက်ဖြစ်ပါတယ်။ ထိုင်ဝမ်ဗီဇာအတွက် ဘန်ကောက်မှာ ၁ လခွဲလောက် ကြာခဲ့ပါတယ်။ သံရုံးသွားလိုက် လိုအပ်တာတွေလုပ်လိုက် အပြင်ထွက်ပြီး ဈေးဝယ်လိုက်နဲ့ လူက၀လာပါတယ်။ လမ်ဘေးဝဲယာလေးတွေမှာ ညနေဘက်ဆိုရင် အကင်ဆိုင်တွေ သင်္ဘောသီးထောင်းရောင်းတဲ့ဆိုင်တွေကို တန်းဆီပြီးတွေ့ရပါတယ်။ ဘန်ကောက်မှာ စားခဲ့တဲ့ အကင်နဲ့ အချဉ်ရည်ကိုတော့ ဘယ်တော့မှမမေ့ပါဘူး။ တကယ်ကို စားကောင်းပါတယ်။ နှင်းတို့ မြန်မာတွေကြိုက်တဲ့ အရသာဖြစ်ပါတယ်။

ဘန်ကောက်မှာ မြန်မာပတ်စ်ပိုစ့်နဲ့ဆိုရင် တော်တော် မျက်နှာငယ်ရပါတယ်။ မြန်မာလိုပြောတဲ့အသံကို သူတို့ကောင်းကောင်းသိကြသလို နှာခေါင်းလဲ ရှုံ့ကြပါတယ်။ လူမျိုးရေးစိတ်ဓါတ်တော်တော်ပြင်းထန်ပါတယ်။ ဘုရင်ကို ရိုသေချစ်ခင်တာကလဲ အတုယူဖို့ကောင်းပါတယ်။ သူတို့နိုင်ငံရဲ့ tv လိုင်းတွေကို ကြည့်ရင် ဘုရင်မိသားစုဝင်တွေကို တော်တော်အလေးထားသလို ချစ်ခင်ရိုသေတာလဲ တွေ့ရပါတယ်။ မြန်မာပြည်နဲ့ ကပ်လျက်ဖြစ်နေပေမယ့် ခြားနားမှုကတော့ အရမ်းပါပဲ။ သူတို့ဆီမှာ မကောင်းတာတွေလဲရှိပါတယ်။ ကောင်းတာတွေကတော့ တော်တော်အားကျဖို့ကောင်းပါတယ်။ လူနေမှုအဆင့်အတန်းက တော်တော်တိုးတက်ပါတယ်။ မကောင်းတာတွေရှိတယ် အားမကျဘူးလို့မပြောပါနဲ့။ မကောင်းတဲ့နေရာတွေကို ကိုယ်သွားခဲ့လို့ မကောင်းတာကို တွေ့ရတာပါ။ ကောင်းတာတွေကတော့ ရထားစီးလဲ တန်းစီပါတယ်။ ကားစီးရင်လဲ စပယ်ယာမပါပေမယ့် ကားခမပေးပဲ ခိုးမစီးကြပါဘူး။ သိတဲ့လူချင်းတွေ့တာနဲ့ စာဝါဒီခ လို့ ယဉ်ကျေးစွားနှုတ်ဆက်တတ်တယ်။ ကြားရမြင်ရတဲ့လူတွေ စိတ်ချမ်းသာရတယ်။ သူတို့နိုင်ငံမှာ ပျက်စီးတဲ့မိန်းကလေး များတယ်လို့ သိရပေမယ့် ဒါကို တရားဝင်ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ၆ လတခါလား ၃ လတခါလားဆိုတာတော့ အတိအကျ မသိတော့ပါဘူး။ ဆေးစစ်ရပြီး ကာကွယ်ဆေးလဲ ထိုးရတယ်လို့ သိရပါတယ်။ သူတို့သတ်မှတ်ထားတဲ့အတိုင်းမဟုတ်ရင် တရားဝင်လိုင်စင်ကို သိမ်းတယ်လို့ပြောပြပါတယ်။ ဒါတွေကတော့ လာကြိုတဲ့ အန်တီကြီးက ပြောပြခဲ့တာပါ။

ထိုင်ဝမ်ဗီဇာရတော့ သားအမိ၃ယောက်သား ဘန်ကောက်မြို့ရဲ့ နာမည်ကြီး မြဘုရားကို သွားဖူးကြပါတယ်။ ဘုရားကို ဓါတ်ပုံရိုက်ခွင့်မရှိပါဘူး။ ဘုရားကျောင်းတော်ပေါ်ကို တက်မယ်ဆိုတာနဲ့ ဖိနပ်တွေ အကုန်ချွတ်ရပါတယ်။ နိုင်ငံပေါင်းစုံက လူမျိုးတွေကိုတွေ့ရသလို ထိုင်းတို့ရဲ့ အနုပညာလက်ရာတွေကိုလဲ တွေ့ခဲ့ရပါတယ်။ နောက်တစ်ခါ ပြန်လာဖူးရဖို့ဆုတောင်းရင်ပြည့်တယ်ဆိုလို့ ဆုတောင်းခဲ့ပါတယ်။ ဒါကတော့ ဘန်ကောက်ကို ပထမဆုံးရောက်ခဲ့တဲ့ တခေါက်ကပေါ့..........

3 comments:

Yu Ya said...

ထိုင်းနိုင်ငံ အကြောင်းလေး သေသေချာချာ ဖတ်သွားပါတယ် မနှင်းရေ..

linmgmg said...

နှင်းရေ...ချက်ချင်းပဲကောက်တင်လိုက်တာပဲနော်။ ရေးချက်ကတော့ မြန်ပါ့။ ဓါတ်ပုံတွေပြန်တွေ့ရင် တင်လိုက်ပါဦးနော် :D

Dr. Yi Yi Win said...

နှင်းရေ့ ..အဟဲ ဟိုသီချင်းထဲကလို ခေါ်ကြည့်တာပါ။ မြန်မာပြည်မှာ ပျော်ခဲ့တယ်ပေါ့(ပို့ စ်နဲ့ တော့မဆိုင်ဘူးနော်)။
အစ်မ ကံခေချက်ကတော့ ပြောမနေနဲ့ ထိုင်းမှာ ၂ နှစ်နေခဲ့တာတောင် မြဘုရား မရောက်ခဲ့ရဘူး။ ကျောင်းကလိုက်ပို့ ပေးပေမယ့် အဲဒီအပတ်က အစ်မ မမီလိုက်ဘူးလေ(မလွှတ်ပေးလို့ ၂ပတ်နောက်ကျမှရောက်သွားတာကိုး)။
နောက်ပိုင်းလည်း နေရာအတော်များများရောက်ပေမယ့် မြဘုရားကို မရောက်ဖြစ်တော့ဘူး။ မဖူးထိုက်ခဲ့သေးလို့ ထင်တယ်နော်။

နောက်လဲလာလည်နော်

Glitter Graphics