Saturday 1 March 2008

အချိန်တွေ မရွေးပါနဲ့

နှင်းတို့ မြန်မာတွေ ပြောနေတဲ့ ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ ဆိုပြီး ပြောတတ်ကြတယ်။ နှင်း အမြင်မှာတော့ ဒါတွေဟာ အပေါ်ယံသဘောပါပဲ။ အဲဒီလိုမျိုး ပိုင်းခြားပြီးတော့ လုပ်လို့မရပါဘူး။ ပညာရှာတဲ့ နေရာမှာ ပထမအရွယ်ပြီးတာနဲ့ ဆက်ပြီးရှာစရာ မလိုတော့ပါဘူးဆိုပြီး အားလုံးကို ရပ်ထားလိုက်လို့ မရပါဘူး။ အခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကိုယ်မသိတာတွေဟာ နေ့စဉ်နဲ့အမျှ ထွက်ပေါ်နေတာပါ။ ဒါတွေကို ပထမအရွယ် ကုန်သွားပြီမိုလို့ မသင်တော့ပါဘူးဆိုပြီး ရပ်ထားလိုက်ရင် သူများတွေသိနေတဲ့ အရာမှန်သမျှကို ကိုယ်က မသိမတတ်ဖြစ်သွားမှာပါ။ ဥစ္စာရှာတာက ဒုတိယအရွယ်လို့ ပြောနေလို့ ဒုတိယအရွယ်မှ ရှာမယ်လို့ မထားရပါဘူး။ ဥစ္စာရှာဖို့ အခွင့်အရေးရှိရင် ဘယ်အရွယ်မှာပဲ ဖြစ်ဖြစ်ရှာရမှာပါ။ အခုခေတ်မှာ ပညာရှာရင်း ဥစ္စာပါ ရှာနေတဲ့ လူတွေ အများကြီးပါ။ အဲဒီလိုပဲ ပညာရော ဥစ္စာရော ရှာနေရင်းနဲ့ တရားကိုပါ ရှာသင့်ပါတယ်။ ငယ်ပါသေးတယ်။ ဒါတွေက အသက်ကြီးမှ လုပ်ရမှာပါလို့ မတွေးစေချင်ဘူး။ လူဆိုတာ ဘယ်အချိန်သေမယ်ဆိုတာ မသိပါဘူး။ အခုနေ အသက်ရှင်နေသေးပေမယ့် စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း သေသွားနိုင်ပါတယ်။ ဒါတွေကြောင့် အရွယ်တွေ အချိန်တွေကို ရွေးမနေသင့်ပါဘူး။ ကိုယ်အသက်ရှင်နေသေးတဲ့ အချိန်မှာ လုပ်နိုင်တဲ့ အရာမှန်သမျှကို တစ်ချိန်တည်း တစ်ပြိုင်တည်းလုပ်နေသင့်ပါတယ်။

2 comments:

Unknown said...

နှင်းလေးရေ....

အရမ်းမြင့်တယ်နော်.....

ဟုတ်ပါတယ်... ကျနော်တို့တွေဟာ....
သေချာတာတစ်ခုက သေမှာပါပဲ.....
မသေချင် (သို့) အခုအတောအတွင်းပေါ့...
ကောင်းအောင်သို့မဟုတ်.... အကောင်းဆုံးမဟုတ်တောင်
သင့်သင့်တာလေးတွေ သမိုင်းကြောင်းအတွက် လုပ်ဖို့လိုအပ်တယ်...
ကျနော်လေးစားပါတယ်.. နှင်းလေး

စိုးထက် - Soe Htet ! said...

သတိပဌာန် တရားလေး အိမ်နေရင်း စလုပ်ကြည့်ပါ သတိမေ့တာ သက်သာလာမယ် ... ဘ၀အတွက် တစ်ကယ် လိုတာပဲ ရွေး လုပ်ရင်လည်း မှတ်စရာလျော့လာမယ် ... သုံးခုလုံး ရအောင်တော့ ကြိုးစား နေပါတယ် ... ကျေးဇူး ။

နောက်လဲလာလည်နော်

Glitter Graphics