Tuesday 4 March 2008

မိဘမေတ္တာ

သားသမီးက နိုင်ငံခြား
ပညာအသင် သွားကြတော့
မိဘတွေဟာ ပျော်ရွှင်ကာ
မော်ကြွားရပေါ့

ငါ့သားသမီးက ဘယ်နိုင်ငံမှာ
ပြောလို့ကို မမောနိုင်တာ
လူတကာကြား
ဂုဏ်ယူကာ ပြောကြားရင်း
သူတို့ယူကာသွားတဲ့
စည်းစိမ်ဆိုတာ မေ့ကာထားပေါ့

ကောင်းစားပါစေထားတဲ့ မိဘစေတနာ
လောင်းကစားတာတွေနဲ့တော့
ဖြုန်းတီးမပစ်ပါနဲ့လို့
ကြိတ်လို့သာဆုတောင်းမိတယ်

ဒါတွေကို ဘေးကမသိ
ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့
ဘေးအမြင်မှာ သားသမီးအလိမ္မာဖြစ်ဖို့
မိဘတွေဟာ ရင်မှာမြိုသိပ်
တိတ်တိတ်သာ ငိုနေရပါတယ်

2 comments:

Unknown said...

နှင်းလေးရေ...

မိဘမေတ္တာဆိုတာ...
အနှိုင်းမဲ့မေတ္တာပါ...
ဘယ်အရာနဲ့မှ နှိုင်းလို့မရအောင် ကြီးမားပါတယ်..
ဘုရားနဲ့တဂိုဏ်းထဲမြတ်တဲ့ ကျေးဇူးတော်တွေပါ... အခုလိုကဗျာလေးနဲ့ ပုံဖော်ဖွဲ့ဆိုပေးလို့ ကျေးဇူးပါ...

စိုးထက် - Soe Htet ! said...

ကောင်းတယ်ဗျ ... မိဘ တွေရဲ့ ... မေတ္တာကို သားသမီးတွေက နားလည် ပြီး အကျိုးရှိ မွန်မြတ်တဲ့ အလုပ်တွေ လုပ်မှ ကျေးဇူးဆပ်ရာ လိမ္မာရာ ရောက်မယ် ဗျ :)

နောက်လဲလာလည်နော်

Glitter Graphics