Friday 28 March 2008

စိတ်ကောက်တယ်ဆိုတာ

စိတ်ကောက်တယ် ဆိုတာ လူတိုင်းမှာ ရှိပါတယ်။ အများဆုံးကတော့ နှင်း တို့လို မိန်းကလေးတွေမှာ ရှိပါတယ်။ မိဘတွေ သူငယ်ချင်းတွေကို စိတ်ကောက်မယ်။ ကိုယ့်ချစ်သူကို စိတ်ကောက်မယ်။ စိတ်အခန့် မသင့်ရင် ကိုယ်လိုတာ မရရင်စိတ်ကောက်ပြလိုက်မယ်။ နှင်း ကတော့လေ စိတ်ကောက်ပြလိုက်ရင် ကိုယ့်ကို အလိုလိုက်ရမယ် ဆိုတဲ့ အသိလေးနဲ့ပေါ့။ အဲဒီလို လေးလုပ်လိုက်လို့မှ စိတ်ကောက်တာကို မချော့ရင် ပိုလို့တောင် ဆိုးသွားပြီ။ ကိုယ့်ကို မချော့ရမလားဆိုတဲ့ စိတ်နဲ့ စိတ်ကောက်ရုံတင် မဟုတ်တော့ပါဘူး။ ၀မ်းနည်းမှုက ပိုလို့လာပါတယ်။ ကိုယ့်ကို ဂရုစိုက်စေချင်လို့ ကိုယ့်ကို ပိုချစ်စေချင်လို့ စိတ်ကောက်ပြပါ။ ဒါကို ဂရမစိုက်ပဲ ပစ်ထားတော့ ပိုပြီးဝမ်းနည်းမိပါတယ်။ သူ့ကို စိတ်ညစ်စေချင်လို့ တမင်တကာ စိတ်ဒုက္ခပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ စိတ်ကောက်ပြတာ မဟုတ်ပါဘူး။

စိတ်ကောက်လို့ ကိုယ့်ကို လာချော့ရင်လဲ အလွယ်တကူပဲ စိတ်ပြေလိုက်ပါ။ မဟုတ်ရင် ချော့ရတဲ့လူက နောက်တစ်ခါ ချော့ချင်တော့မှာ မဟုတ်ပါဘူး။ တစ်ချို့တွေက စိတ်ကောက်တာ မှားနေတတ်ပါတယ်။ ကိုယ့်က စိတ်ဆိုးတာက တစ်ခြား တစ်ယောက်ကိုပါ။ ဒါပေမယ့် ဘေးလူတွေကိုပါ ပတ်ရမ်းတဲ့အခါ ကိုယ့်ဘေးကလူတွေ တကယ်ကိုပဲ နေရခက်ပါတယ်။ ဘာကို စိတ်ဆိုး စိတ်ကောက်နေမှန်းမသိ ဘာကိုပြောပြီးချော့ရမယ်မှန်းမသိ ဖြစ်တတ်ပါတယ်။ ကိုယ်စိတ်ဆိုး စိတ်ကောက်ချင်ရင် သူတဦးထဲအပေါ်မှာ စိတ်ဆိုးစိတ်ကောက်ပါ။ ဒါပေမယ့် ခဏခဏ စိတ်ကောက်လွန်းရင်လဲ မကောင်းပါဘူး။ သဘောထား သေးသိမ်ရာ ရောက်သွားပါတယ်။ မိဘတွေကို ကိုယ်လိုချင်တာ ပူဆာလို့မရရင် စိတ်ကောက်ပြတတ်တာ သားသမီးတွေရဲ့ အကျင့်တစ်ခုပါ။ ကလေးဘ၀မှာတော့ ငိုပြကြပါတယ်။ ၁၀ ကျော်သက်ရောက်လာတော့ စကားမပြောတာတွေ အစားမစားသောက်တာ့တာတွေနဲ့ ဖော်ပြကြပါတယ်။ မိဘတွေက ဒါတွေကိုသိလို့ ကိုယ့်အလို လိုက်လျောလိုက်ရင် ပြုံးပျော်နေတတ်ကြပါတယ်။ ကိုယ်ချစ်သူအပေါ်မှာကျတော့ မိန်းကလေးအများစုက သ၀န်တိုတတ်ရင်းကနေ စိတ်ကောက်ကြပါတယ်။ ကိုယ့်ချစ်သူ တခြားကောင်မလေးတွေနဲ့ ရယ်ရယ်မောမော စကားတွေ ပြောနေတာတွေ့ရင် မကြိုက်တာကို ဖော်ပြရင်း စိတ်ကောက်ပြပါတယ်။ ဒါကလဲ ကိုယ့်ချစ်သူကို ကိုယ်ဘယ်လောက် ချစ်လဲဆိုတာကို သိစေချင်လို့ပါ။ ဒါကို ချစ်သူက အလိုက်တသိ မချော့ရင် ကောင်မလေးခမျာ ငိုပွဲဝင်ရပြီပေါ့။ ကိုယ့်ချစ်သူဆီကနေ မင်းကိုပဲအချစ်ဆုံးပါ ဆိုတဲ့ စကားကို ကြားချင်လို့ပဲ လို့ထင်ပါတယ်။ သူငယ်ချင်းတွေ အပေါ်မှာတော့ ကိုယ့်ချစ်သူ ကိုယ့်မိဘတွေလောက် စိတ်ဆိုးစိတ်ကောက်တာ မရှိလောက်ဘူးလို့ထင်ပါတယ်။

အင်း စိတ်ကောက်တဲ့အကြောင်းပြောနေလို့ နှင်း ကစိတ်မကောက်တတ်ဘူးလို့ မထင်နဲ့နော်။ ခဏခဏ စိတ်ကောက်လွန်းလို့ ပါပါးနဲ့ မာမားအပြင် ချော့ရလွန်းလို့ နောက်တစ်ယောက်ကလဲ စိတ်မရှည်ချင်တော့ဘူးလေ။ ဒါကြောင့် နှင်း လိုမဖြစ်အောင် ခဏခဏ စိတ်မကောက်ကြနဲ့နော်။

3 comments:

စိုးထက် - Soe Htet ! said...

ကောင်းဘူး ဗျ နှစ်ဖက် စိတ်ဒုက္ခ ရောက်ရတာ ... သိရင် မြန်မြန်ပြင် .... :D

ယုန်ကလေး said...

နှင်းရေ
စိတ်ကောက်တယ်ဆိုတာ ဖတ်သွားပါတယ် ယုန်လေးလည်း စိတ်ကောက်တတ်တယ်ဟီးဟီးးးးးးးးး စိတ်ကောက်ရင် လာမချောနဲမကြိုက်ဘူး မတောင်ဆိုးသေးးးးးးးးသူဘာသာ သူနေရင် ဟုတ်သေးတယ်လေ။

မင်းကျန်စစ်။ said...

မိန်းကလေးတွေ တကယ်သိထားသင့်တာလေးပဲဗျ။ ရှိလာရင် ဒီပို့စ်လေးကို ဖတ်ခိုင်းရအုံးမယ်း)

နောက်လဲလာလည်နော်

Glitter Graphics