Sunday 2 March 2008

အားလုံးအတွက် ညစာ



ဒီတစ်ပတ်တော့ ဟင်းကောင်းစားချင်တယ်လို့ ပြောလာတဲ့ လူကလဲရှိနေ ကိုယ်တိုင်ကလည်း အစားပုတ်တော့ အတော်ပဲဖြစ်သွားတယ်။ ဒီတစ်ခါ ငါးကို ကော်ရည်နဲ့ ချက်မယ်။ ၀က်သားဆီပြန်ချက်မယ်။ ကဲ ငါးကို ကော်ရည်ချက်ဖို့ ကကတစ်ငါးကို အကောင်လိုက် ဆား၊ ဟင်းချိုမှုန့်၊ ငြုပ်ကောင်းမှုန့်တို့နဲ့ နယ်ပြီးခဏ နှပ်ထားလိုက်ပါ။ အဲဒီအချိန်မှာ ကြက်သွန်နီ ခရမ်းချဉ်သီးကို အတုံးလေးတွေ လှီးထားပါ။ ကြက်သွန်ဖြူ ချင်းကို ပါးပါးလေးလှီးပါ။ ပြီးရင် ကိုယ်စားချင်တဲ့ အသီးအနှံ အနည်းငယ်လှီးထည့်ပါ။ ငါးကို အရင်ဆုံး ဆီများများထဲမှာ မီးအေးအေးနဲ့ ကြော်ပါ။ ငါးက ရဲလာပြီး အနည်းငယ်ကျွတ်လာရင် ဆယ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ထားပါ။ ခုနက လှီးထားတဲ့ အသီးအရွက်တွေကို ကြော်ပါမယ်။ ပထမဆုံး ဆီအနည်းငယ်ထဲမှာ ကြက်သွန်ဖြူနဲ့ ချင်း ကိုအရင်ဆုံး ဆီသပ်ပါ။ အဲဒီလို ဆီသပ်လိုက်တော့ ချင်းနဲ့ ကြက်သွန်ဖြူအနံ့ မွှေးမွှေးလေးရတာပေါ့။ ပြီရင် ကျန်တဲ့ အသီးအနှံတွေကို ထည့်ပြီး ကြော်ပါ။ အဲဒီအချိန်မှာ ကော်ရည်အနည်းငယ် ဖျော်ထားပါ။ အနည်းငယ်ကျက်လာရင် ကော်ရည်ကျဲကျဲကို လောင်းထည့်ပါ။ ကော်ရည်ပွက်လာရင် ကြော်ထားတဲ့ ငါးကို ထည့်လိုက်ပါ။ ကော်ရည်ထဲမှာ ငါးကို ခဏနှပ်လိုက်ပြီးရင် ပန်းကန်ထဲကို ထည့်ပြီး စားလို့ရပါပြီ။ ၀က်သားဆီပြန်ကိုတော့ ဒီတစ်ခါမချက်ပြတော့ဘူးနော်။ အရင်တုန်းက ဆီပြန်ချက်သလိုသာ ချက်လိုက်တော့။
ဒီတစ်ခါကတော့ ညစာပါနော်။ နေ့လည်က မအားလို့ ဟင်းမချက်အားတာနဲ့ ညစာဖြစ်သွားတယ်။ :P

1 comment:

စိုးထက် - Soe Htet ! said...

ညစာ လာစားမလို့ ... ဒါပေမယ့် ရှစ်ပါးသီလယူထားတယ် နောက်မှ ပဲ :D

နောက်လဲလာလည်နော်

Glitter Graphics