Thursday 20 March 2008

အမုန်းစာရင်း

ပင်လယ်ပြာ နဲ့ တောင်တန်းတွေကို
ငါ မုန်းတယ်
မင်း နဲ့ င့ါ ကို ကာစီးထားလို့

ခုနှစ်တွေနဲ့ နာရီတွေကို
ငါ မုန်းတယ်
မင်း နဲ့နီးဖို့ ငါ စောင့်နေရလို့

ပိုင်းခြားထားတာတွေကို
ငါ မုန်းတယ်
မင်းနဲ့ ငါက နိုင်ငံတွေ ခြားနေလို့

မြှားနတ်မောင် ကို
ငါ မုန်းတယ်
မင်းနဲ့ င့ါကို စောစောမတွေ့ပေးလို့

အသက် အရွယ်ဆိုတာကို
ငါ မုန်းတယ်
မင်း နဲ့ ငါ့ ကြားနှောင့်ယှက်နေလို့

ငါ့ ကို ငါ လဲ
သိပ်မုန်းမိတယ်
ငါ့ ကိုယ်တိုင်ထက် မင်းကိုပိုချစ်လို့


2 comments:

စိုးထက် - Soe Htet ! said...

အချစ်အတွက် အမုန်းတွေ ရဲ့ စာရင်း လာဖတ်ရှုခံစား သွားပါတယ် :D

Anonymous said...

အချစ်အတွက် အမုန်းတွေ ရဲ့ စာရင်း !
this poem is good ...:)

နောက်လဲလာလည်နော်

Glitter Graphics