Sunday, 23 March 2008

စကားထာလေးတွေဖြေရအောင်

၁။ ငယ်ငယ်တုန်းက ခြေလေးချောင်း
ကြီးလာတော့ ခြေနှစ်ချောင်း
အိုတော့ ခြေသုံးချောင်း

၂။ ကိုကိုကရှည်တယ်။ ညီလေးကပုတယ်။
နေ့တိုင်း တို့တစ်တွေ ကြည့်ဖို့ အပြေးပြိုင်ပြတယ်။
ကိုကို ၁၂ ပတ်ပြေးပြီးယင်
ညီလေးတစ်ပတ် ပြေးပြီးရုံပဲ ရှိသေးတယ်။
ု
၃။ သစ်ပင်တစ်ပင်ရှိတယ်။
အကိုင်း ၅ ကိုင်းရှိတယ်။
အရွက် မပေါက်ဘူး။
အပွင့် မပွင်ဘူး။
အလုပ်လုပ်ယင် သူ့ကို လုံးဝမှီချုရတယ်။

၎။ မြို့ရှိတယ် နေမယ့်လူ မရှိဘူး။
တောင်ရှိတယ် ကျောက်ခဲမရှိဘူး။
မြစ်ရှိတယ် ရေမရှိဘူး။
လမ်းရှိတယ် ယာဉ်မသွားဘူး။

၅။ အတောင်ရှိတယ် အဝေးကြီးမပျံနိုင်ဘူး။
မျက်လုံးရှိတယ် ဘယ်တော့မှ မျက်တောငိမခတ်ဘူး။
ရေထဲရောက်ရင် မြှားတစ်စင်းလိုပဲ မြန်တယ်။
ရေနဲ့ကင်းရင် အသက်က အထက်ဘ၀ဂ်ကိုတက်ရော။
ဲ
ကဲ ဘာတွေဖြစ်မလဲဆိုတာ စဉ်းစားကြည့်နော်။ အဖြေကိုတော့ နောက်နေ့မှပဲ ပြောပြတော့မယ်နော်။့

၁၊ လူ
၂။ နာရီ
၃။ လက်
၎။ မြေပုံ
၅။ ငါး

5 comments:

Anonymous said...

ကျန်တာတွေတော့ မသိဘူး။ နံပါတ်(၄)ရဲ့ အဖြေက ~map~ လို့ထင်တယ်။

sawgangster said...
This comment has been removed by the author.
sawgangster said...

(၁) က ..... လူ
(၂) က .... နာရီ
(၃) က .... လက်ချောင်း
(၄) က ..... မြေပုံ
(၅) က ..... ငါး

ဟုတ်တယ်ဟုတ်
ငှဲငှဲငှဲ
မှန်ရင် အကြောင်းလေး ပြန်ဦးနော်

Anonymous said...

ကဲဗျာ...ကျွန်တော်ကဖြေမလို့..သူများတွေကဖြေသွားပြီ....
၁ ကနေ ၄ အထိတော့သိတယ်...ရှေ့ကလူပြောပြီးသွားလို့
ထပ်မပြောတော့ဘူးနော်

ဒီဇင်ဘာနှင်း said...

sawganger ဖြေတာ မှန်ပါတယ် အခုလိုဖြေပေးလို့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်နော်

နောက်လဲလာလည်နော်

Glitter Graphics