Monday 3 March 2008

နိုင်ငံခြားက ဘဝ

မြန်မာနိုင်ငံက လူတစ်ချို့ဟာ နိုင်ငံခြားမှာနေတယ်ဆိုရင် သူတို့တွေရဲ့ စိတ်ထဲမှာ အရမ်းကို အဆင်ပြေ နေကြတယ်လို့ထင်နေတယ်။ နိုင်ငံရပ်ခြား တိုင်းတပါးမှာ စားရ နေရတဲ့ ဒုက္ခတွေကို မြန်မာပြည်ကမိသားစုတွေ မသိကြဘူး။ နိုင်ငံခြားရောက်နေတဲ့ လူတွေကလည်း ကိုယ့်မိသားစုတွေ စိတ်ဆင်းရဲမှာစိုးလို့ ဖွင့်မပြောပြကြပါဘူး။ နိုင်ငံရပ်ခြားလို့ ဆိုလိုက်တာနဲ့ ဘာသာစကားကစလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီ။ ကိုယ်ပိုင်အိမ် မရှိတဲ့အတွက် သူတစ်ပါးဆီမှာ အိမ်ငှားနေကြရပြီ။ တစ်ယောက်ထဲ ငှားနေဖို့ရာကလည်း ရတဲ့လခနဲ့ အိမ်ငှားခနဲ့ မတတ်နိုင်တော့ လူအများစုပေါင်းပြီးနေကြရတယ်။ စရိုက်ကမတူ ကိုယ့်မိသားစုလဲမဟုတ်တဲ့အတွက် စိတ်ညစ်စရာတွေရှိလာပြီလေ။ ဒီကြားထဲ အလုပ်မှာ အဆင်မပြေရင် ပိုလို့တောင် စိတ်ညစ်ရသေးတယ်။ သူတစ်ပါးနိုင်ငံမှာ အလုပ်လာလုပ်ရတော့ နိုင်ငံခြားသားဆိုပြီး နှိမ်ချင်ကြတယ်။ ဒါတွေကို ငါ့မိသားစုအတွက် ဆိုတဲ့ စိတ်ကလေးနဲ့ အားလုံးကို သည်းခံပြီး လုပ်ကိုင်နေကြရတယ်။ မြန်မာပြည်မှာ ရှိနေတဲ့ ကိုယ့်မိသားစုက ဒါတွေကို နားလည်ပြီး အားပေးနေရင် ပင်ပန်းရတာတော်သေးတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်ကအိမ်ကို လွမ်းလို့ ဖုန်းလေးဆက်ပါတယ်။ အိမ်မှာရှိတဲ့လူတွေက လိုချင်တက်မက်စိတ်တွေနဲ့ စိတ်ညစ်စရာတွေကို ပြောပြီဆိုရင် စိတ်ညစ်ရပြီပေါ့။ နိုင်ငံခြားမှာမိုလို့ အရာအားလုံး အဆင်ပြေနေတယ်လို့ ထင်နေရင် မှားနေပြီ။ အလုပ်တက်တာနဲ့ စက်ရုပ်တစ်ရုပ်လို မနားတမ်းလုပ်နေရတဲ့ ဘ၀တွေပါ။ ဘယ်ဘ၀က ၀ဋ်ကြွေများရှိနေလို့ မိသားစုကိုခွဲ ကိုယ့်မွေးရပ်မြေကို ခွဲခွာပြီး စက်ရုပ်လူသားဘ၀တွေကို ရောက်မှန်းမသိ ရောက်နေရတယ်။

5 comments:

lwansay said...

အစ်မရေ...အဆင်ပြေပါစေနော..။ ဘာပဲဖြစ်ဖြစ်
လိုက်လျောညီထွေဖြစ်ပါစေဗျာ။

shwenyarthar said...

ညီမလေးရေ.. မင်္ဂလာပါဗျာ.. ဒီ post လေးကို ဖတ်ပြီး နိုင်ငံခြားမှာ နေတဲ့ သူတွေရဲ့ ခံစားမှုလေးတွေကို သိဥွားရပါတယ်... အစစ အရာရာ ok ပါစေဗျာ.. စာလေးတွေကို ထိထိမိမိ ရေးသားနိုင်လို့ လေးစားပါတယ်... ရွှင်လန်းပါစေ...

99 said...

ဟုတ်တယ် ညီမလေးရေ..
သူများအိမ်မှာနေရသရွေ့တော့ ..
စိတ်အားဖြင့် လူအားဖြင့် အမြဲ ချုပ်နှောင်လျက်ပေါ့ ..
ကြိုးစားကြတာပေါ့ ..

စိုးထက် - Soe Htet ! said...

ဟုတ်သမှ သိပ်ဟုတ်ပဲ ... တော်ပါသေးတယ် အဖေ၊ အမေနဲ့ အမျိုးသမီး က နားလည်လို့ ... :D

Anonymous said...

မှန်လိုက်တာ မမရာ.. နိုင်ငံခြားရောက်သွားပြီ ဆိုတာနဲ့ အစစအရာရာ ပြည့်စုံသွားပြီလို့ ထင်တတ်ကြတယ်. ဒီကဒုက္ခတွေကို သူတို့ဘာမှမသိပါဘူးဗျာ.. :(

နောက်လဲလာလည်နော်

Glitter Graphics