Tuesday 9 December 2008

Nami Island

ဒီဇာတ်လမ်းလေးကို ရိုက်တဲ့ ကျွန်းကလေးပေါ့

ဒီသင်္ဘောလေးကိုစီးပြီး NAMI ကျွန်းကိုသွားရပါတယ်




ထင်းရှုးပင်တန်းကြီး




ဟိုးအရင်ခေတ်က ကင်ချီလုပ်ပြီးရင် လအကြာကြီးထားလို့ရအောင် အခုလိုအိမ်လေးတွေနဲ့ မိုးထာတယ်။





Nami Island ကိုသွားဖို့အတွက် နှင်းတို့တွေ ဆိုလ်းမြို့ကနေ မနက်အစောကြီး အိပ်ယာထကြရပါတယ်။ ပိတ်ရက်ဖြစ်တာကြောင့် အဝေပြေးကားလမ်းမှာ ကားပိတ်မှာကို စိုးရိမ်တာကြောင့် မနက်စာကို ၇ နာရီကျော်လောက်မှာ သွားစားကြပါတယ်။ စားပြီးတာနဲ့ Nami Island ကိုသွားကြပါတယ်။ အဝေးပြေးလမ်းကနေ ၁ နာရီကျော်လောက်သွားပြီးတာနဲ့ ကျွန်းကိုသွားရင် စီးရမယ့် သဘေီာဆိပ်သွားရာလမ်းလေးကို ၀င်သွားရပါတယ်။ မနက်စောစောဖြစ်တာကြောင့် လမ်းပိတ်တာကို မကြုံလိုက်ရပါဘူး။ တကယ်လို့များနောက်ကျနေရင် အဝေးပြေးလမ်းကနေ သဘောင်္ဆိပ်သွားရာ လမ်းခွဲမှာတင် အချိန်တော်တော်ကုန်တယ်လို့ သိရပါတယ်။ သဘောင်္ဆိပ်ကိုရောက်တော့
ကိုယ့်ထက်အရင်ရောက်နေတဲ့လူတွေကို တွေ့ရပါတယ်။ တစ်ချို့က ပြန်တောင်လာနေကြပါပြီ။ သဘောင်္လက်မှတ်ဝယ်ပြီးတာနဲ့ သင်္ဘောကလေးနဲ့ ၅ မိနစ်ကျော်လောက်လဲစီးပြီးရော Nami Island ကိုရောက်ပါတယ်။ ကျွန်းကိုရောက်တော့ Welcome To Naminara Republic ဆိုတဲ့ ဆိုင်းဘုတ်ကိုတွေ့တော့ မောင်လေးက တော်တော်စိတ်ဝင်တစားနဲ့ ဂိုက်ကိုမေးပါတယ်။ ဒီကျွန်းလေးက သီးသန့်နိုင်ငံလေးတစ်ခုလား ဆိုတော့ မဟုတ်ပါဘူး အခုလိုတင်စားပြီးပြောတာပါလို့ ပြောပြပါတယ်။ ဒီကျွန်းလေးကို အရင်က အခုလောက်ဧည့်သည်တွေ မလာပါဘူး။ Winter Sonata ဆိုတဲ့ ဇာတ်လမ်းတွဲလွှင်ပြီးတဲ့အချိန်ကနေစပြီး ဒီကျွန်းကို လာလည်ကြတဲ့ဧည့်သည်များလာတာလို့လဲသိရပါတယ်။ အရင်တုန်းကဆိုရင် ကျွန်းကိုသွားဖို့ သဘောင်္တစ်စီးသာရှိပြီး အခုဆိုရင် သင်္ဘောနောက်တစ်စီး တိုးချဲ့ရတဲ့အပြင် သီးသန့် စပိဘုတ်တွေနဲ့လဲ သွားလို့ရပါတယ်။ ကျွန်းပေါ်မှာ ဖျော်ဖြေရေးအတွက် ပြင်ဆင်တားသလို အမှတ်တရအရောင်းဆိုင်တွေ UNICEF hall ,Raisin gallery ,Andersen hall တွေမှာလဲ ဗဟုသုတရစရာတွေကို ပြသထားပါတယ်။

1 comment:

:P said...

မင်းသားကဘေယောင်ဂျွန်းလားဟင်

နောက်လဲလာလည်နော်

Glitter Graphics