Tuesday 23 December 2008

Merry Christmas


နှင်းအလုပ်ရုံရှိတဲ့ အဆောက်အဦးအ၀င်မှာ အလှဆင်ထားတာပါ။

ခရစ္စမတ်ပန်းအိုးလေး





ဒီဇင်ဘာ ဆောင်းလေအေးတွေနဲ့အတူ ပျံ့လွင့်လာတဲ့ ခရစ္စမတ် တေးသံလေးတွေ အလှဆင်ထားတဲ့ သစ်ပင်လေးတွေ တွေ့တိုင်း ဟိုးအရင် ကျောင်းတက်တုန်းက အချိန်တွေကို သတိရမိတယ်။ တက္ကသိုလ် ကျောင်းတက်တဲ့အချိန် သူငယ်ချင်းတွေနဲ့ ဆောင်းတွင်းအေးအေးလေးမှာ မုန့်ထွက်စားရတဲ့ ပျော်စရာအချိန်တွေကို ပြန်လည်တမ်းတမိတယ်။ ၂၅ ရက်နေ့ မတိုင်ခင် ခရစ္စမတ် ဆုတောင်းသီချင်းတွေကို ကိုယ့်အိမ်မှာလာဆိုရင် ပျော်မိပါတယ်။ ခရစ်ယာန်ဘာသာဝင် မဟုတ်ပေမယ့်လည်း ကောင်းချီးမင်္ဂလာသီချင်းဆိုသံကို ကြားရတာ စိတ်ထဲမှာ အေးချမ်းပါတယ်။ ဒါကလည်း မြန်မာပြည်မှာနေတုန်းက ခံစားရတဲ့ ခံစားချက်ကလေးတွေပါ။ အခုများကြတော့လဲ အဲဒီိလို မပျော်ရွှင်ရတာ ၃ နှစ်ရှိပါပြီ။ ဒီမှာကတော့ ၂၅ ရက်မရောက်ခင်ထဲက အလှအပတွေနဲ့ ပြင်ဆင်ကြပါတယ်။ ခရစ္စမတ်မရောက်ခင် ဒီဇင်ဘာ ပထမအပတ်ကထဲက သစ်ပင်တွေ ရောင်စုံမီးလုံးလေးတွေနဲ့ အလှဆင်ကြပါပြီ။ အလုပ်ခန်းတွေ ဈေးဆိုင်တွေရှေ့မှာ ခရစ္စမတ်ပန်းပင် အနီရောင်ပန်းအိုးလေးတွေကို အလှထားထားတာကို မြင်ရတာနဲ့တင် ဘယ်ပွဲတော်အတွက်ဆိုတာ မပြောပဲနဲ့ သိနိုင်ပါတယ်။ ခရစ္စမတ်နီးလာလေ ဆောင်းတွင်းအအေးဓါတ်ကလည်း ပိုလာတယ်လို့ ထင်မိပါတယ်။ အရင်တုန်းကတော့ ဆောင်းတွင်လေးမှာ သူငယ်ချင်းတွေနဲ့ လျှောက်လည်ခွင့်ရခဲ့ပေမယ့် အခုတော့လဲ ပြန်လည်တမ်းတရုံကလွဲပြီး ဘာမှမတတ်နိုင်ပါဘူး။ ဘယ်နေရာတွေမှာ ဘာတွေပဲ လုပ်နေနေ ခရစ္စမတ်အချိန်လေးမှာ သူငယ်ချင်းတွေအားလုံး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။


2 comments:

နေလင်း said...

Merry X'mas and Happy New Year ...

ရွှန်းမီ said...

Merry Christmas!!!
ဒီ သံပြိုင်ဆုတောင်းသံလေးက ကိုယ့်အတွက် ရည်ရွယ်တာ ဟုတ်ဟုတ် မဟုတ်ဟုတ် ကြားလိုက်ရင် ရွှင်လန်းလာမိတယ်။

နောက်လဲလာလည်နော်

Glitter Graphics