Wednesday 17 December 2008

Welcome Skywhite

စာကိုကောင်းကောင်းမရေးပဲ ဘလော့ဂ်လေးကို ပစ်ထားတာ တော်တော်ကြာပါပြီ။ အလုပ်ကလဲ တစ်ပတ်ကို ၆ ရက်သွားနေရတာ ၂ ပတ်ရှိပြီဆိုတော့ လူကလဲ တော်တော်လေး ပင်ပန်းနေပါတယ်။ ရေးချင်တာတွေ ပြောချင်တာတွေကလဲ အများကြီးဆိုတော့ ဘယ်ကစပြောရမလဲဆိုတာ စဉ်းစားနေတာနဲ့ပဲ မရေးဖြစ်တာပါ။ အခုတော့ ကိုယ်ပြောချင်နေတာတွေကို ခဏဘေးချိတ်ပြီး ဘလော့ဂ်အသစ်ကလေးဖြစ်တဲ့ ကောင်းကင်ဖြူ လေးကို ကြိုဆိုနှုတ်ဆက်လိုက်ပါတယ်။ သူငယ်ချင်း ညီမလေးတစ်ယောက်လုပ်ထားတဲ့ ဘလော့ဂ်လေးတစ်ခုပါ။ သူလုပ်ချင်တယ်ဆိုပြီး ပြောနေတာတော့ ကြာပါပြီ။ မအားတာနဲ့ပဲ အခုမှလုပ်ဖြစ်တယ်လို့ ပြောပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘလော့ဂ်ကမ္ဘာလေးထဲကို ရောက်လာတဲ့ ညီမလေး ကောင်းကင်ဖြူ ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ ညီမလေးရဲ့ ပျော်ရွှင်မှု ၀မ်းနည်းမှုတွေကို နှင်းနဲ့အတူတူ မောင်နှမတွေအားလုံးကလည်း မျှဝေခံစားပေးနိုင်ကြမယ်လို့ မျှော်လင့်ရင်း ညီမလေးကို Warmly Welcome ပါနော်။


နောက်လဲလာလည်နော်

Glitter Graphics