Wednesday 24 December 2008

ပြန်ချင်ပြီ

အမြဲတမ်းလင်းနေတဲ့
ရောင်စုံမီးတွေကိုလည်း မလိုချင်ပါဘူး
လမင်းရဲ့ အလင်းရောင်အောက်မှာ
အေးမြခြင်းကိုပဲ လိုချင်တယ်။

ခေတ်မှီပါတယ်ဆိုတဲ့ ပစ္စည်းတွေကိုလည်း
မမက်မောပါဘူး
ခေတ်မမှီပေမယ့် ရိုးရားလက်ရာတွေကိုပဲ
တန်ဖိုးထားချင်တယ်။

ဇိမ်ကျပါတယ်ဆိုတဲ့ မွှေ့ယာပေါ်မှာလည်း
မအိပ်ချင်ပါဘူး
အမေ့အိမ်ကြမ်းပြင်လေးပေါ်မှာ
သင်ဖြူးဖျာလေးပဲ ခင်းအိပ်ချင်တယ်။


ကောင်းပါတယ်ဆိုတဲ့ အစားအစာတွေကိုလည်း
မစားချင်ပါဘူး

အမေချက်တဲ့ ငါးပိချက်ကိုပဲ
ပိုမက်မောတယ်။


ဒါတွေကို ငါပြန်ရဖို့
မွေးရပ်မြေကို ပြန်ချင်ပြီ..............

No comments:

နောက်လဲလာလည်နော်

Glitter Graphics