ဆုံးမတတ်ရမယ်။
အကြောင်းကိစ္စမပေါ်ခင်မှာလည်း
သွန်သင်တတ်ရမယ်။
မျက်မှောက်မှာလည်း
ဆုံးမတတ်ရမယ်။
မျက်ကွယ်ကနေလည်း
သွန်သင်တတ်ရမယ်။
တစ်ကြိမ်တစ်ခါလည်း
ဆုံးမတတ်ရမယ်။
အကြိမ်ကြိမ်အခါခါလည်း
သွန်သင်တတ်ရမယ်။
မကောင်းမှု အကုသိုလ်မလုပ်အောင်လည်း
တားမြစ်တတ်ရမယ်။
ကောင်းမှုကုသိုလ်လုပ်အောင်လည်း
တိုက်တွန်းတတ်ရမယ်။
အဲဒီလို ဆုံးမသွန်သင်တတ်တဲ့သူကို
ပညာရှိသူတော်ကောင်းတွေ
သိပ်ကိုချစ်မြတ်နိုးကြတယ်။
ပညာမဲ့ သူညံ့ဆိုးတွေကတော့
လုံးဝသဘောမကျကြဘူးပေါ့။
(အတိုချုပ်)
ဆုံးမတတ်ရမယ်။
သွန်သင်တတ်ရမယ်။
မကောင်းတာမလုပ်အောင်
တားမြစ်တတ်ရမယ်။
ကောင်းတာလုပ်အောင်
တိုက်တွန်းတတ်ရမယ်။
အဲဒီလိုလူကို
သူတော်ကောင်းတွေ
ချစ်တယ်။
သူညံ့ဆိုးတွေ မချစ်ဘူး။
အရှင်ဆန္ဒာဓိက
ဆရာတော် ပြောပြထားတဲ့ ဒီစာပိုဒ်လေးကို ဖတ်ကြည့်ပြီးတော့ ဘယ်လိုသူတွေရဲ့ အချစ်ကိုခံယူချင်တယ်ဆိုတဲ့ အတွေးဝင်သွားပါတယ်။ မောင်နှမတွေအတွက်လဲ မျှဝေပေးလိုက်ပါတယ်။

2 comments:
ဘုရားရဲ့အဆုံးအမတွေကြောင့် တရားပေါက်ပြီ
ဘုန်းကြီးဝတ်ဖို့စိတ်ကူးတွေပေါ်သွားပြီ
ကိုပြေအေး
ဒီလိုစာလေးတွေ များများရေးနိုင်ပါစေဗျာ။
Post a Comment