Sunday 21 December 2008

အတင်းမပြောပါ

ဘ၀မှာ လူတွေဟာ ကိုယ်ဝါသနာပါရာကို လုပ်တတ်ကြပါတယ်။ သီချင်းဆိုတာကို ၀ါသနာပါတဲ့လူက သီချင်းတွေရေးပြီး ဆိုချင်နေတတ်တယ်။ သူ့ပတ်ဝန်းကျင်မှာတွေ့နေတာတွေ သူတစ်ပါးခံစားချက်တွေကို အငှားခံစားပြီး သီချင်းအဖြစ်စပ်ဆိုတတ်ကြတယ်။ စာရေးတာကို ၀ါသနာပါတဲ့သူကလဲ တစ်ခုခုခံစားရရင် တစ်ခုခုကို တွေးမိရင်ဖြစ်စေ စာအဖြစ်ချရေးတတ်ပါတယ်။ စာရေးတယ်ဆိုတဲ့နေရာမှာ ကိုယ်သန်ရာသန်ရာလိုင်းတွေကို ရွေးချယ်ပြီးရေးကြပါတယ်။ ဒါတွေကတော့ အဆင့်မြင့် စာရေးဆရာတန်းဝင်တွေ ရေးကြတာပါ။အခုလို ခေတ်တွေပြောင်းပြီး အဆင့်တွေမြင့်လာတော့ နှင်းတို့လို လူငယ်တွေ လွတ်လွတ်လပ်လပ်ရေးခွင့်ရတဲ့ ဘလော့ဂ်ဆိုတဲ့ နေရာလေးမှာ ကိုယ့်အမြင် ကိုယ့်ခံစားချက်တွေကို ရေးသားခွင့်ရလာပါတယ်။ ဒီလိုလေး ရေးခွင့်ရတဲ့အတွက် လူတစ်ဦးချင်းစီရဲ့ အမြင်တွေ အတွေးအခေါ်တွေ မတူညီတဲ့ ပတ်ဝန်းကျင်ရဲ့ အတွေ့အကြုံတွေကို သိခွင့်ရလာပါတယ်။ ကိုယ်က ဒီလိုလေးထင်မြင်ပေမယ့် နောက်တစ်ဦးရဲ့ မတူညီတဲ့အမြင်တွေပါ သိခွင့်ရတာဟာ ဗဟုသုတရစေပါတယ်။

နှင်းတို့တွေဟာ လူမှုပတ်ဝန်းကျင်မှာ နေနေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်ကြုံရတဲ့ လူမှုအတွေ့အကြုံတွေကို ရေးသားတဲ့အခါမှာ တိုက်ဆိုင်မှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒီလိုရေးသားလိုက်တာဟာ ငါ့ကိုများပြောနေတာလား ငါ့ကိုများ စောင်းရေးတာလား ဆိုတဲ့အတွေးတွေနဲ့ မဖတ်စေချင်ပါဘူး။ ဒီလိုအဖြစ်မျိုး ဖြစ်ဖူးတဲ့လူတွေဟာ လောကမှာ ကိုယ်တစ်ယောက်ထဲ ရှိတာမှမဟုတ်တာ။ ကိုယ့်ရဲ့အတွေ့အကြုံကို မျှဝေချင်တာ တစ်ခုကလွဲလို့ ဘယ်သူဘယ်ဝါ ဘာဖြစ်ပါတယ်ဆိုတဲ့ ကိုယ်ရေးကိုယ်တာ မကျေနပ်ချက်တွေကို ဖော်ထုတ်ချင်တဲ့ လူတွေမှ မဟုတ်တာ။ ဒီလိုတွေ ဖော်ထုတ်ပြောဆိုချင်လို့ ဘလောဂ့်လုပ်ကြတာမှ မဟုတ်တာ။

နှင်းရှေ့မှာပဲ လူတစ်ယောက်က ပြောလိုက်ပါတယ်။ အွန်လိုင်းမှာ စာရေးတယ်ဆိုတော့ အတင်းပြောလို့ရတာပေါ့တဲ့။ ကြားကြားချင်းတော့ စိတ်ထဲမှာ တော်တော် ဒေါသထွက်မိတယ်။ ဒါပေမယ့်လည်း လူဆိုတာက အတွေးအမြင်မတူတတ်ကြတော့ သူ့ကို စိတ်ဆိုးနေလဲ အလကားပဲလို့ တွေးလိုက်မိတယ်။ ဒါပေမယ့်လည်း အခုလို အထင်လွဲပြီး ပြောနေတော့ စိတ်မကောင်းဖြစ်မိတာ အမှန်ပါပဲ။

3 comments:

Dr. Yi Yi Win said...

အွန်လိုင်းမှာပြောတယ်ဆိုတဲ့ အတင်းတွေတော့လိုက်ဖတ်ဖို့ အချိန်လည်းမရတော့ ဘာမှလည်းမသိလိုက်ဘူးနှင်းရေ။ ခက်တာက တို့ 
တိုင်းပြည်ကြီးကိုက မလွတ်မလပ် စောင်းပြောလေးပြောမှ ပြောချင်တာပြောလို့ ရတာကိုး။ ဒီတော့လူတွေလည်းစောင်းပြောကြ၊ တီဗွီ
မှဆိုလဲ လူပျက်တွေက စောင်းပျက်ကြဖြစ်နေကြပြီ။ နှင်းလေးကတော့လွတ်လပ်စွာပြောလို့ ရနေတာ ကံကောင်းပါတယ်။

ဂျူဝသန် said...

ဟေ့ ဒေါသရှေ့ထားမှားတတ်တယ်နော်... နောက်မှာထားသိလား...။ အားရင်လည်း အလည်လာအုံးပေါ့။ စိတ်ကိုရှော့... စိတ်ကိုရှော့

ရွှန်းမီ said...

:-)
ဖြည်းဖြည်းပဲ ပြောကြတာပေါ့ . . .

နောက်လဲလာလည်နော်

Glitter Graphics