ကိုယ့်ကိုစိတ်ဆိုးအောင် လာပြောတိုင်း ဒေါသတွေ ဖြစ်နေရတာကလည်း ကိုယ့်စိတ်ကပဲ ဖြစ်နေတာပါ။
်
ကိုယ့်ကိုယ်ကို မသနားရင် ဘယ်သူကလာသနားမှာလဲ။
ကိုယ့်ကိုယ်ကို မသနားတတ်တဲ့သူကရော သူများကိုသနားတတ်မှာလား။
ကိုယ့်ကိုယ်ကို မချစ်တတ်ရင် သူတစ်ပါးကိုရော ချစ်တတ်မှာလား။
ကိုယ့်ကုသိုလ်ကံမကောင်းတာကို အပြစ်မပြောနဲ့ ကိုယ်ကရော ကောင်းတဲ့အမှုကို ပြုလုပ်ခဲ့လို့လား။
ကိုယ်ကသူတစ်ပါးကို ညာပြောလိုက်လို့ သူတစ်ပါးအညာခံရပြီိလို့ မထင်ပါနဲ့။ တကယ်တော့ ကိုယ့်ကိုယ်ကို ညာလိုက်တာပါ။
ကိုယ့်အခြေအနေမှန်ကို ကိုယ်တိုင်သိမှ ကိုယ်ဘာလုပ်သင့်တယ်ဆိုတာ သိမှာပါ။
ကိုယ့်ကိုသူတစ်ပါး လေးလေးစားစားဆက်ဆံတာကို ခံချင်တယ်ဆိုရင် ကိုယ်တိုင်ကရော သူတစ်ပါးကို လေးလေးစားစား ဆက်ဆံဖူးရဲ့လား။

No comments:
Post a Comment